မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောင်လံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စျေးကုန်း၊ ကျောင်းစု၊ တိုးချဲ့ ၊ တရော်ကုန်းနဲ့ အကြော်ကုန်း (ပဲကြော်ကုန်း) စတဲ့ ရပ်ကွက်တွေမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစလို့ ၂၁ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံအလံကို အိမ်တိုင်းလွှင့်တင်ထားဖို့ စစ်အုပ်စု လက်ပါးစေတွေက အိမ်ပေါက်စေ့ ဖိအားပေးပြောဆိုထားတယ်လို့ သိရပါတယ်။

အလံကို အိမ်ပေါက်စေ့ စိုက်ထူလွှင့်တင်ထားဖို့နဲ့ မလုပ်ဆောင်ထားရင် ဖမ်းဆီးအရေးယူနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“မြန်မာအလံတွေကို သူတို့ဆီမှာ မဝယ်မနေရဝယ်ခိုင်းတယ်။ ၁၅၀၀၀ တဲ့။ မဝယ်မနေရဘူး၊ ဝယ်ရမယ်တဲ့။ အလံကို စိုက်ထူတဲ့အခါမှာလည်း ဝါးကို ဖြောင့်တန်းတဲ့ဝါးနဲ့ပဲ စိုက်ရမယ်ပြောတယ်။ မဖြောင့်ဘဲ ကွေးကွေးကြီးဆိုလည်း ဒဏ်ငွေထပ်ကောက်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်” ဆိုပြီး အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

(ဓာတ်ပုံ အောင်လံလူထုအဖွဲ့)

ဒီလိုခြိမ်းခြောက်လုပ်ဆောင်နေမှုကို စျေးကုန်းကျောင်းစုရပ်ကွက်နေ ဦးမဲကြီး၊ ထွန်းမင်းလတ်စတဲ့ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်နေတာတွေကို အောင်လံမြို့ပေါ်တွေမှာသာ လတ်တလော တွေ့ရပေမယ့် ထပ်မံ လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့လည်း ပြောကြပါတယ်။

“အလံကို အိမ်တိုင်းစိုက်ထူခိုင်းရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ မတရားလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့အချက်ရယ်၊ သူတို့ စစ်တပ်ကို ပြည်သူတွေထောက်ခံပါတယ်ဆိုတဲ့ အချက်ရယ် ကြောင့်ပါ” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေတွေအရ အောင်လံမြို့နယ်အပါအဝင် နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း ပြည်မြို့နယ်ကြားက ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ကျေးရွာအာဏာပိုင်ဆိုသူတွေရဲ့ စစ်မှုထမ်းစုဆောင်းမှုနဲ့ စျေးကွက်ပုံစံ အရောင်းအဝယ်တွေ ဆိုးဆိုးရွားရွားရှိနေပြီး အရပ်သားလူငယ်တွေလည်း တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

လောင်းလုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု

လုံခြုံရေးတွေ တင်းကြပ်ထားတဲ့ ကြားထဲကနေ ထားဝယ်ခရိုင် လောင်းလုံဒေသမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး နိုဝင်ဘာလ(၁)ရက်နေ့ မနေ့ကနေ့လည်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၃၀၀ ကျော်အတွင်း အရပ်သားပြည်သူ ၂၀၀ ကျော်သေဆုံးခဲ့ရ

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ (Blood Money Campaign) အဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး Profile ကမ်ပိန်းတွင် မိမိလုံခြုံရေး စိတ်ချရသူများ ပါဝင်ပေးကြရန် တိုက်တွန်း

စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။