အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ MRTV ၊ MITV နဲ့ Myanmar Radio လိုင်း ၁၄ ခုကို Twitch ၊ Facebook ၊ YouTube နဲ့ MediaFire တို့ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ MRTV နဲ့ ရေဒီယိုလိုင်း ၁၄ ခုကို ဝဘ်ဆိုဒ်၊ Google၊ Apple App stores ရှိ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့တာဖြစ်သလို MITV ဝဘ်ဆိုဒ်နဲ့ တွဲထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အလားတူ Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး YouTube ကလည်း စစ်တပ် ပြန်ကြားရေး ဝန်ကြီးဌာန အကောင့်တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ YouTube ကတော့ MITV အကောင့်ကို ဖယ်ရှားဖို့အတွက် လက်ရှိအချိန်ထိ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က Facebook အကောင့်တွေမှာ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင်တွေကို သိမ်းဆည်းထားသိုဖို့ အသုံးပြုတဲ့ MediaFire ဝဘ်ဆိုဒ်ကနေလည်း ရတနာပုံသတင်းစာ အကောင့်တွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ဝန်ဆောင်မှုပေးနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေဆီ Justice For Myanmar က စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုမှာ အခုလို စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ပိတ်သိမ်းဖြုတ်ချလိုက်တာလို့ ဆိုပါတယ်။

Justice For Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ကိုင်တွယ်စီမံနေတာဖြစ်ပြီး အဲဒီအကောင့်တွေကို ပိတ်သိမ်းဖြုတ်ချဖို့ Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တွေဆီကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဆိုပါ ကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ  ထိုင်းအမျိုးသမီးကိုသတ်ပြီး အလောင်းဖျောက်တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာအမျိုးသားတစ်ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးထိန်းသိမ်းထားသူများကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင် ဟု စောချစ်သူ ပြော

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားဖို့ မတတ်နိုင်ဘူးလို့ စောချစ်သူက ပြောဆိုခဲ့ကြောင်း The Nation သတင်းက မတ်လ ၃ ရက်မှာ ဖော်ပြပါတယ်။
Read More

အကြမ်းဖက် စစ်ရာဇဝတ်သား မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း ထုတ်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်းပြောကြား

မြန်မာပြည်သူတွေအ‌ပေါ် စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေပြီး တဖက်မှာလည်း အတုအယောင် ရွေးကောက်ပွဲကို စီစဥ်ကာ ထွက်ပေါက်ရှာနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) အနေနဲ့ အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

မြန်မာပြည် အကျဉ်းစခန်းများတွင် စနစ်တကျ ညှင်းပန်းမှုများနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း IIMM ပြော

မြန်မာပြည်က အကျဉ်းစခန်းတွေမှာ စနစ်တကျ ညှင်းပန်းမှုတွေ လုပ်ဆောင်နေတဲ့ ထင်ရှားတဲ့ အထောက်အထားတွေ တွေ့ရကြောင်း ကုလသမဂ္ဂနောက်ခံပြု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဩဂုတ်လ ၁၂ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်မယ့်ကိစ္စ မျှမျှတတ လုပ်ဖို့ တရုတ်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC က ဝရမ်းထုတ်ဖို့ကိစ္စမှာ တရားမျှတစွာနဲ့ ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း တရုတ်နိုင်ငံက သူ့ရဲ့သဘောထားကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။