တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ထားဝယ်မြို့အခြေစိုက် ၂၆၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆) ဆင်း ပြည့်ဖြိုးမောင်နဲ့ ပြည့်လင်းအောင်တို့ဟာ သေနတ်ကိုယ်စီနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 သေနတ် ၂လက်နဲ့ ကျည်ဘောက် ၂ခု၊ 5.56 ကျည်အတောင့် ၅၀ ပါဝင်ခဲ့ပြီး ၂ယောက်လုံးကို ဆုကြေးငွေ သိန်း ၃၀ ကျပ်စီ ပေးအပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး အရှိန်မြှင့်နေချိန် ဖြစ်တာကြောင့် ပြည်သူ့ဘက် ခိုလှုံလိုတဲ့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ အမြန်ဆုံးခိုလှုံကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကလည်း တနင်္သာရီ၊ အောက်ကင်း အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေနဲ့ တပ်ကြပ်အပါ စစ်သား ၃ ယောက် တနင်္သာရီတိုင်း စစ်ဌာနထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အခုလို စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးဘက် ထွက်ပြေးခိုလှုံမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေကို တိုးမြှင့်တာ၊ ခြိမ်းခြောက်ဝါဒဖြန့်တာအပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေကို သင်တန်းပြီးဆုံးတယ်ဆိုပြီး ဟန်ပြသင်တန်းဆင်းခိုင်းတာတွေလည်း ရှိနေကြောင်း CDM စစ်ဘက်အရာရှိက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော် သာဝတ္ထိနယ်မြေရဲစခန်းအား လက်လုပ်ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ သာဝတ္ထိနယ်မြေ ရဲစခန်းထဲကို 79 (40)mm ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်ကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တဲ့ Black Leopard UG အဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေးမြို့နယ်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းရှိ စစ်မှုထမ်းဆင်း စစ်သားသစ် ၂ ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ မော့ကနင်ကျေးရွာ အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက စစ်မှုထမ်းဆင်းစစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်ရောက်လာတယ်လို့ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

အထက်ခပေါင်းဆည်ရေလွှဲ တမံစခန်းကို PDF များဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၁၁ ဦး သေပြီး စခန်းနှင့် လက်နက်ခဲယမ်းများကို PDF ရရှိ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကအကြမ်းဖက်စစ်အုပ်စုရဲ့ အထက်ခပေါင်းဆည် ရေလွှဲတမံစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ယောက် ထက်မနည်း ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ A.D.G Brothers တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ပြည်ပကနေ ပြန်ပို့ခံရတဲ့ စစ်မှုထမ်း စုဆောင်းခံရသူ (၂)ဦး မြိတ် ပကဖ ကို လာရောက်ခိုလှုံ…

ပြည်ပကနေ ပြန်ပို့ခံရပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့အထဲ ပါဝင်ခဲ့သူ ၂ ယောက်က လာရောက်ခိုလှုံလာတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။