စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက် မနေ့ည ၈နာရီခွဲလောက်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဆည်တောရွာထဲကို ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံး ကြဲချခဲ့တာကြောင့် ဦးညွန့်ဝေ (၇၀ နှစ်)၊ ဇနီး ဒေါ်မြင့်ကြည် (၇၀ နှစ်)၊ တူဖြစ်သူ မောင်ဇေယျာထွန်း (၂၅ နှစ်) နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ ယောက် ရှိပြီး နေအိမ် ၃ လုံး၊ ကား ၁စီး မီးလောင်ပျက်စီးကာ နွား ၃ကောင်လည်း သေဆုံးခဲ့ပါတယ်။

“ဒဏ်ရာရသူတွေက ၅ ယောက်လောက်တော့ ရှိတယ်။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ရွာသားတွေက မနေ့ညက နည်းနည်း တိမ်းရှောင်တာတွေတော့ ရှိတယ်။ အခုကတော့ ပုံမှန်ပါပဲ။ ဖိုက်တာသတင်းကတော့ နားစွင့်နေရတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက် ဒီမနက်မှာပဲ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိပ်ရွာထဲကို ကျောက်မြောင်း ခမရ (၁၂) ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၁ ပါးနဲ့ ကလေး၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ခန့် ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ၏ ကနဲလေး တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ကနဲလေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့နဲ့ အင်းတော်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေသည်ဟု KIA ထုတ်ပြန်၊ ဗန်းမော်က အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

ရန်ကုန်-ပြည်လမ်းပိုင်း စစ်တပ်စခန်းများနှင့် စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက အကြမ်းဖက် တပ်စခန်းတွေနဲ့ စစ်ကူလမ်းကြောင်းများကို ဗျူဟာမြောက် ဖြတ်တောက်ခိုက်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဗိုလ်ကြီး၊ တပ်ကြပ်ကြီးနှင့် ပျူစောထီးခေါင်းဆောင်များအပါ စစ်အုပ်စုဝင် အယောက် ၂၀ နီးပါးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇)ရက်နေ့ မနက်အစောပိုင်းက ရန်ကုန်-ပြည်လမ်းပိုင်း၊ အုတ်တွင်းကျေးရွာ၊ စစ်ကွင်းတာဆုံနဲ့ တာဆုံဘုရားအနီးတပ်စွဲထားတဲ့ အင်အား(၅၀)ရှိ စစ်တပ်စခန်းတကို PDF တပ်ရင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။
Read More

ကရင်နီပြည်မှာ အပစ်ရပ် ကြေညာထားသည်ဆိုသည့် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံး…

ကရင်နီပြည်၊ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့ကြားက ပီကင်းကောခူကျေးရွာမှာ အပစ်ရပ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် အရပ်သားပြည်သူ ၅ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဧပြီလ ၅ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

အငြင်းပွားဖွယ် ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဆိုသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအတုတွင်  ဖိအားနှင့် ခြိမ်းခြောက်ခံရမှုကြောင့် မဲပေးခဲ့ရသူ အများစုဖြစ်နေ

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပိုင်း ၁ မှာ ပြည်သူ ၅၂ ရာခိုင်နှုန်းကျော် မဲပေးခဲ့တယ်လို့ စစ်ကော်မရှင်က ခပ်တည်တည်ဆိုနေပေမဲ့၊ လက်တွေ့မှာတော့ အဆိုပါရာခိုင်နှုန်းကို မပြည့်မီသလို၊ ပြည်သူအများစုဟာလည်း ဖိအားနဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် မဲပေးခဲ့ကြရတယ်လို့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ၊ နိုင်ငံတကာ မီဒီယာတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။