ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ဒီမနက် ၃နာရီ ၄၂ မိနစ်ဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ ပိတောက်ချောင်းနယ်မြေရဲစခန်းကို “Operation Flame – Fire power” အထူးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်းမှာက အင်အား ၂၀ ပတ်ချာလည်တော့ ရှိလောက်မယ်။ အတိအကျတော့ Data မရထားပါဘူး။ ၂ပတ်အကြာ မြေပြင်စောင့်ကြည့် ထောက်လှမ်းပြီး အနီးကပ် ၂ရက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ပြီး ဒီ မနက်ပိုင်းမှာ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ Operation Flame ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ရဲစခန်းနဲ့ အနီးကပ်ဆုံးနေရာတွေမှာ မိုင်းတွေကို ချထားနိုင်ခဲ့ပြီး ရဲတပ်သားတွေ မနက်အစောပိုင်း ကင်းချိန်းချိန်မှာ အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



“ရန်သူ ထိခိုက်မှု အသေးစိတ်ကတော့ စုံစမ်းအတည်ပြုနေဆဲပါ။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်ရာကို ရောက်ရှိနေပြီဖြစ်ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Operation Flame အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ရသမျှနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်တပ်က အတုယောင် ရွေးကောက်ပွဲတွေကို မည်သို့ပင်လုပ်ဆောင်နေပါစေ မြို့ပြတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုကိုတော့ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဒီပဲယင်းမြို့နယ်တွင် မြို့နယ် ပအဖ ဦးဆောင်မှုဖြင့် ပျက်စီးနေသည့် ဆက်သွယ်ရေးလမ်းမကြီး ပြန်လည်ပြုပြင်နေ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ အများပြည်သူများသွားလာအသုံးပြုနေတဲ့ ဒေသတွင်းအဓိက ဆက်သွယ်ရေးလမ်းမကြီး ဆိုးရွားစွာပျက်စီးနေတာကြောင့် ပြန်လည် ပြုပြင်ပေးခဲ့တယ်လို့ မြို့နယ် ပအဖ က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ် စစ်အုပ်စုတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေ တပြိုင်နက်တည်းဝင်တိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စု အခြေချတပ်စွဲထားတဲ့နေရာတွေကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိကြောင်း Monywa Inventor အဖွဲ့တာဝန်ရှိသူ ကိုမိုးသောက်က မောင်းကိုပြောပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Read More

ငါန်းဇွန်မှာ ပျူစောထီးတွေ ပါလာတဲ့ ၆ဘီးကားကို မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ၆ဘီးကားကို လမ်းပိုင်းမှာ ​မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိကြောင်း TGYR - YouthGuerrillaCounterRevolution-NZ(LPDF) ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁) မှ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ် ၏ ဈာပနအခမ်းအနား

96 Soldiers PDF (ရန်ကုန်တပ်ရင်း ၅၁၀၁)၊ တပ်ခွဲ ၂ မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ရှိုင်းလင်း (ခ) ဖီးနစ်ဟာ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရင်း ဇူလိုင်လ ၂၀ ရက်က ရောဂါနဲ့ ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။