ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက မေမေဟာ ‘ကျန်းမာရေးကောင်းမွန်ပါတယ်’ လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ မိသက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတရား ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက်စစ်တပ်လက်ထဲ ရောက်ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်နှင့်ပြီး ဖြစ်နိုင်တယ်လို့ ကိုထိန်လင်းက ဒီရက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောလာခဲ့တာပါ။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်



စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ရှေ့နေအဖွဲ့တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အချိန်ကြာမြင့်လာချိန်မှာ ကိုထိန်လင်းက အခုလို ထုတ်ပြောလာခဲ့တာပါ။ အဲ့လိုပြောဆိုမှုတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သက်သေ တစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

“Shakespeare ရဲ့ Hamlet မှာ ပြောထားသလို — ‘အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။’ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်လူငယ်များ၏ ခံစားချက်ပုံဖော်မှု “အော်ပရာ” Ebook ကဗျာစာအုပ်၊ အကျိုးအမြတ်များကို ဖမ်းဆီးခံ UG များ ထောင်ဝင်စာနှင့် စာအုပ်ထုတ်ဝေရန် ရည်ရွယ်

ဖမ်းဆီးခံ မြို့ပြပြောက်ကျား (UG) ရဲဘော်တွေကို အကူအညီပေးနိုင်ရေး ရည်ရွယ်ထုတ်ဝေတဲ့ "အော်ပရာ" အမည်ရှိ Ebook ကဗျာစာအုပ်ကို ၁လကြာ ရောင်းချပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိန်း က မောင်းကိုပြောပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ရွှေဘုံသာရွာ ပြည်သူ့စစ်စခန်းကို စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး ခုခံမှုတွေကြားက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုတွေ အခြေချတပ်စွဲထားတဲ့ ရွှေဘုံသာရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ စစ်အုပ်စု၂ ယောက် မျက်မြင်သေဆုံးပြီး  ၄ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပေါက်ခေါင်းတွင် မဲရုံလုံခြုံရေး ကင်းပတ်ထွက်လာသည့် စစ်ကော်မရှင်တပ်သားများ မိုင်းဆွဲခံရပြီး ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က မဲရုံလုံခြုံရေးအတွက် ကင်းပတ်ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ဒီနေ့ ဇန်နဝါရီလ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မင်းဘူးခရိုင် PDF တပ်ရင်း (၂) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းက အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။