လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးအခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြားမတည်ဆောက်နိုင်ပေမယ့် တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတာမို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းကူညီပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေးရဲ့ အခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့သော်လည်း တရားရေးဝန်ကြီးဌာနကိုဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကိုလည်း အလေးထား ပူးပေါင်းကူညီပေးကြဖို့လည်း လေးစားစွာ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဒီမိုကရေစီ စံချိန်စံနှုန်းတွေ၊ မူနဲ့အုပ်ချုပ်တဲ့စနစ်တွေဖြစ်ဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ ပြောခဲ့ပါတယ်။

လက်ရှိ တော်လှန်ရေးအရှိန်အမြင့်ဆုံးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူနဲ့ထိတွေ့တာ၊ ပြည်သူ့အသံ နားထောင်တာ၊ ပြည်သူ့ဆန္ဒကို ပိုသိအောင်ကြိုးစားတာတွေလုပ်ဖို့၊ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေး လျင်မြန်စွာ အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ် ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မတရားဖိနှိပ်မှုအောက်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အခက်အခဲတွေကြား ရှင်သန်နေရတဲ့ ပြည်သူတွေအတွက် လုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ရင်း စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲများ နီးကပ်နေသည့် ကျောက်ဖြူ၊ စစ်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည်၊ လာရောက်ဖြေဆိုသူများကို ဆိုလာမီးအိမ်ပေးမည် ဟု စစ်ကောင်စီ စည်ရုံး

ရခိုင်ပြည်နယ်မှာ ဒေသတစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို လက်လွှတ်ထားရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်တော့မှာဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ ပြည်နယ်အစိုးရက ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုထံ တပ်ဖွဲ့ ၂ ခု ထပ်မံ ပေါင်းစည်းလာပြီး ဒေသတွင်း စစ်ရေးအရှိန်မြှင့်သွားဖို့ရှိနေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့ထံ တော်လှန်ရေးတပ်ဖွဲ့ ၂ခု ထပ်မံပေါင်းစည်းဝင်ရောက်လာပြီးတဲ့နောက် ဒေသတွင်းစစ်ရေး အရှိန်တိုးမြှင့်သွားဖို့ရှိတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကြောင်းထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအုပ်စုရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) Gyo Bin Gauk Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရပြီးနောက်ပိုင်း ရန်ကုန်တွင် ဘတ္ထရီစက်ဘီးနှင့် Ebike စီးနင်းသူများ ဖမ်းဆီးငွေညှစ်ခံနေရ

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ရှင်းလင်းခံရပြီးနောက်ပိုင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဘတ္ထရီစက်ဘီးနဲ့ လျှပ်စစ်ဆိုင်ကယ် (Ebike) စီးနင်းသူတွေကို စစ်ကောင်စီက ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်လာကြောင်း မြို့တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီ အနီးနားက ကျေးရွာတွေကို စစ်တပ် စစ်ကြောင်းထိုးလို့ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ တစ်သောင်းကျော်ဟာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အလံဖြူထောင်ရင် အသက်အာမခံတယ်ဆိုတဲ့ AA လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ လက်နက်ချ စစ်ကောင်စီတပ်သားတွေကို ကယ်ထုတ်

AA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမ်း နပခ စစ်ဌာနချုပ်မှာ လက်နက်ချလာတဲ့ စစ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြားထဲကနေ AA တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်နေတဲ့ ရုပ်သံမှတ်တမ်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညဦးပိုင်းမှာ AA က ထုတ်ပြန်လာပါတယ်။