ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ ဆင်တလင်းရွာထဲ ဒုရဲအုပ် ရဲလွင် ဦးဆောင်ကာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တစ်ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅‌ယောက် ဒဏ်ရာရကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြုံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ်၊ အရင်ကလည်း စွဲဖူးတယ်၊ ပြန်ထွက်လိုက်ပြန်ဝင်လိုက်နေနေကြတာ ၊ စခတွေသေဆုံးမှူကိုတော့ တိုက်ပွဲအတွင် မြင်တွေ့ခဲ့တာတွေရှိသလို လာရောက် အလောင်းကောက်သွားကြတာကို မြင်တဲ့ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ် ။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားပါ သေးတယ်။

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေက အင်အား ၈၀ ဝန်းကျင်နဲ့‌ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၁ ယောက် သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

” စခတွေဘက်ကအင်အားဖြည်စစ်ကြောင်းထိုးလာခြင်းကြောက်ထို့နေညနေပိုင်မှထပ်မံထိတွေဖြစ်တာပါ ၊လက်ရှိဆင်တလင်းရွာမှာတော့ပြည်သူတွေပါရှောင်နေကြပြီးစခရခတွေကတော့ဝင်ထွက်သွားလာမှူအချိုရှိနေတယ်လို့သိရပါတယ်” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ် ။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ထိမှန်ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 သေနတ် (၄) လက် ၊ MA – 3) ၆ လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃ ) ခု နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။
Read More

ရသေ့တောင်နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၅ ယောက်သေ၊ ၄ ယောက်ဒဏ်ရာရ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံ ၅ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၅ ရက် ဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်က ဘထလေကျေးရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃ ယောက်သေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရတာပါ။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

လေးကေ့ကော်ဒေသတိုက်ပွဲတွင် စစ်ကော်မရှင်တပ်ထံမှ ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ “ပစ္စည်းကမှာထားတာကြာပြီ၊ အခုမှလာပို့တာ၊ လက်ခံရရှိကြောင်း ငါ လက်မှတ်ထိုးပေးလိုက်မယ်နော်၊ တပ်မ (၂၂) တပ်မမှူးကို”

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်အနီးက တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ထံကနေ တော်လှန်ရေးတပ်ဖွဲ့တွေ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်းကို ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။