အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ရလဒ်တွေအပေါ် အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်တဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ (Personal Scrutinization and Monitoring System) PSMS အသုံးပြုကာ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက်ချိုးဖောက်နေတာဟာ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရဲ့ ရလဒ်မျှော်မှန်းချက်ကို လက်လှမ်းမမှီတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ် အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက်ချိုးဖောက်နေခြင်းကြောင့် ဤမျှော် မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။


ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အင်တာနက် ဖြတ်တောက်တာ၊ VPN ကန့်သတ်တာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေ ပိတ်ပင်တာတွေ လုပ်နေပြီး နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် ရယူခွင့်ကို ချိုးဖောက်နေတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၇ တို့ရဲ့ ပေးထားချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ် လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံ တဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်သည်” လို့ ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့အပြင် သတင်းအချက်အလက် အမှားတွေနဲ့ လိမ်ညာဝါဒဖြန့်တာတွေ လုပ်ဆောင်နေပြီး အဲ့လိုလုပ်ဆောင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer တွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ ရုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။



“အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က PSMS ကို အသက်သွင်းပြီး ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပြီး အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်မှာ နေထိုင်နေရတယ်လို့လည်း ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် အာဆီယံ စီစဉ်လုပ်ဆောင်နေမှုအား Defend Myanmar Democracy ရှုတ်ချ၊ “အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ”

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မယ်လို့ ထိုင်းပြော

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ဆက်လက်ပြင်းထန်နေ၊ ထိုင်းနိုင်ငံမှ ၁၅ ဦးသေဆုံးပြီး ထိုင်းပြည်သူ ၁ သိန်းကျော် စစ်ဘေးရှောင်နေရ

ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့အကြား ဒုတိယနေ့အဖြစ် နယ်စပ်မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ရာ ထိုင်းနိုင်ငံက ၁၅ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းအစိုးရက ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ကိုရီးယားလွှတ်တော်မှာ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပ၊ မြန်မာနိုင်ငံသားတွေရဲ့ ဗီဇာကိစ္စ လွှတ်တော်မှာ ဆွေးနွေးမယ်

တောင်ကိုရီးယားနိုင်ငံ၊ လွှတ်တော်အစည်းအဝေးခန်းမမှာ "ကိုရီးယား ဒီမိုကရေစီ အကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက် " ခေါင်းစဉ်နဲ့ နွေဦးတော်လှန်ရေး ၄ နှစ်ပြည့် ဆွေးနွေးပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာဘက်မှာ လူကုန်ကူးခံထားရသူတွေကို တစ်ရက် လူ ၅၀၀ နှုန်း ထိုင်း လွှဲပြောင်းလက်ခံမယ်

မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းတွေထံမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းဘက်က တစ်ရက်ကို လူ ၅၀၀ နှုန်း လက်ခံသွားဖို့ သဘောတူထားကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၅ရက် ဒီနေ့ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နယ်စပ်ကော်မတီ အစည်းအဝေးမှာ နှစ်နိုင်ငံကြား အခုလို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ ထိုင်းသတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။