အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ရလဒ်တွေအပေါ် အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်တဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ (Personal Scrutinization and Monitoring System) PSMS အသုံးပြုကာ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက်ချိုးဖောက်နေတာဟာ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရဲ့ ရလဒ်မျှော်မှန်းချက်ကို လက်လှမ်းမမှီတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ် အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက်ချိုးဖောက်နေခြင်းကြောင့် ဤမျှော် မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။


ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အင်တာနက် ဖြတ်တောက်တာ၊ VPN ကန့်သတ်တာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေ ပိတ်ပင်တာတွေ လုပ်နေပြီး နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် ရယူခွင့်ကို ချိုးဖောက်နေတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၇ တို့ရဲ့ ပေးထားချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ် လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံ တဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်သည်” လို့ ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့အပြင် သတင်းအချက်အလက် အမှားတွေနဲ့ လိမ်ညာဝါဒဖြန့်တာတွေ လုပ်ဆောင်နေပြီး အဲ့လိုလုပ်ဆောင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer တွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ ရုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။



“အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က PSMS ကို အသက်သွင်းပြီး ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပြီး အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်မှာ နေထိုင်နေရတယ်လို့လည်း ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံကို မြေပြင်ဆေးအဖွဲ့စေလွှတ်မည့် အစီအစဉ် စစ်ကောင်စီတောင်းဆိုချက်ကြောင့် မလေးရှား ဆိုင်းငံ့ထား

မြန်မာပြည်မှာ မြေပြင်ကွင်းဆင်းဆေးရုံတစ်ခု တည်ဆောက်ဖို့အတွက် ဗုဒ္ဓဟူးနေ့မှာ မလေးရှားကနေ ဆေးဘက်အရာရှိတွေ စေလွှတ်မယ့် အစီအစဉ်ကို စစ်ကောင်စီတောင်းဆိုချက်အရ ရွှေ့ဆိုင်းလိုက်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဧပြီလ ၁၇ ရက်မှာ ပြောပါတယ်။
Read More

ဝေါ့ပါမစ် သက်တမ်းတိုးရာမှာ စလစ်ကြေး ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဝေါ့ပါမစ်သက်တမ်းတိုးရာမှာ တချို့သောအေဂျင်စီတွေပြောသလို စလစ်ကြေး ဘတ် ၁၈၀၀ သွင်းစရာမလိုဘူးလို့ ဘန်ကောက်က မြန်မာသံရုံးက ပြောဆိုကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။
Read More

လက်နက်ချဖို့ ထရမ့်ရဲ့ပြောဆိုချက် အီရန်ခေါင်းဆောင် ပယ်ချ၊ အမေရိကန်ရဲ့ စွက်ဖက်မှုကြောင့် ပြန်ပြင်လို့မရအောင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဆို

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရချိန်မှာ အမေရိကန်က လက်နက်ချဖို့ ပြောဆိုလာမှုကို အီရန်ထိပ်တန်းခေါင်းဆောင်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေထံ အကူအညီများ မရောက်စေရန် အာဏာသိမ်းစစ်တပ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလထံ အသိပေး

အာဏာသိမ်းစစ်တပ်က ငလျင်ဘေးသင့် ပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မရောက်ရှိစေဖို့ ရည်ရွယ်ချက်ရှိရှိ တားမြစ်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။