မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၇ရက် မနေ့မနက်အစောပိုင်းက ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းရှိရာကို ဦးတည်ပြီး Unity Rocket Organization အဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်လုပ်ရှော့တိုက်ဒုံး ၁၃လုံးအထိ ရည်ရွယ်အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း Unity Rocket Organization အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ထုတာတော့ စုစုပေါင်း ၁၃ လုံးပါ။ လေပေါ်ကွဲတာက ၄ လုံး၊ ကျရောက်ပေါက်ကွဲတာက ၄ လုံးနဲ့ ထပ်မပစ်တာက ၅လုံးပါ။ အဓိကကတော့ သူတို့ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံဘူးဆိုတာ သိစေချင်လို့ပါ။” လို့ Unity Rocket Organization အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ရေပုတ်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးနေရာနဲ့ ခရိုင် လဝက ရုံးနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မနက်အစောပိုင်းဖြစ်တာကြောင့် အရပ်သားတွေ မရှိတဲ့အချိန် ဖြစ်တယ်လို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ

အဲ့ဒီဖြစ်စဥ်အပြီး စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အခင်းနေရာကို ရောက်ရှိလာပြီး ရှော့တိုက်ဒုံးအပိုင်းအစတွေ လိုက်လံသိမ်းယူကာ မြို့အဝင်အထွက် ဂိတ်တွေ အားလုံးကို အင်အားတိုးမြှင့် ချထားလိုက်တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ရက်၊ မနေ့ကပဲ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံံရှိရာကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ရော့ကတ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါဟာ စစ်ရေးခြိမ်းခြောက်မှု ပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပြီး အသုံးပြုခဲ့တဲ့ ရော့ကတ်အရေအတွက်နဲ့ စစ်အုပ်စုထိခိုက်မှုစာရင်းကိုတော့ မောင်းဘက်က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“အဝေးကနေ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်က နီးကပ်တယ်၊ ရည်မှန်းချက်က တိကျတယ်၊ လုပ်ဆောင်ချက်က တည်ငြိမ်တယ်၊ အဲဒီ အခိုက်အတန့်ဟာ မိမိတို့ဖက်ရဲ့ စည်းကမ်း၊ သတ္တိနဲ့ တာဝန်ယူမှုတွေ ဘယ်လောက်ခိုင်မာလဲဆိုတာကို သက်သေပြနိုင်လိုက်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။” လို့လည်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စု စိုးမိုးထားတဲ့နေရာတွေနဲ့ အဓိက အားထားရာ နေရာတွေမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးခြိမ်းခြောက်တဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။

လက်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်တွေဟာလည်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့နေရာတွေ ဖြစ်ပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
0 Shares:
You May Also Like
Read More

ရေကြည်မြိ့၊ အမတ ၃၄၄ တပ်ထဲမှာ အရေးပေါ်လေယာဉ်ကွင်း ဆောက်လုပ်နေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ရက္ခိုင့်တပ်တော် AAက ပိတ်ဆို့တိုက်ခိုက်သိမ်းပိုက်နေစဥ်ကာလမှာပဲ၊ ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာရှိတဲ့ အမြှောက်တပ် ၃၄၄ တပ်ရင်းထဲမှာ အရေးပေါ်လေယာဉ်ကွင်းငယ်တစ်ခု ဆောက်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာနိုင်ငံရှိ နိုင်ငံသားတိုင်း လူမျိုးတိုင်း လွတ်မြောက်ချိန်တန်ပြီ ဟု TNLA ပြော

မြန်မာနိုင်ငံအနေနဲ့ ပြည်ထောင်စုနိုင်ငံအဖြစ် အခြေမတည်နိုင်မှုနဲ့ ဌာနေ လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရမှုတို့ရဲ့ အဓိက တရားခံဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေ ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ၇၈ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

၃ လကြာ ပိတ်မိခဲ့သည့် အင်အားထောင်ချီပါ အကြမ်းဖက်စစ်ကြောင်း ပေါက်မြို့အတွင်း ဆက်လက် ဝင်ရောက်နေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ- ကမ္မ-ပေါက်လမ်းပိုင်းမှာ လနဲ့ချီ ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ရိက္ခာကားတန်းဟာ မြေပြင်ဝေဟင် အကူအညီတွေ အသည်းအသန်သုံးရင်း ပေါက်မြို့ထဲ ဆက်လက်ဝင်ရောက်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။ 
Read More

ဒေါနတပ်ရင်းမှ တပ်သားသစ်များ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ ဒေါနတပ်ရင်းဟာ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမှာ ပါဝင်ချင်တဲ့ တပ်သားသစ်တွေကို ခေါ်ယူနေပါတယ်။