ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။

“တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ်ပါဘူး ခင်ဗျာ” လို့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။



တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ (၄) နဲ့ PDF နည်းဗျူဟာ (၃၃) PDF တွေဟာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စစ်တပ်ကို အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေ များစွာရှိခဲ့ပါတယ်။

နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက “တော်လှန်မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များကို ကျေးဇူးတင်ပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ တိုက်မှာမပူပါနဲ့” လို့လည်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်မှုထမ်းတပ်သား ၂ ဦး တောကြီးမြွေဟောက်တပ်ဖွဲ့ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်း တပ်သားသစ် ၂ယောက် အလင်းဝင်ရောက်ခိုလှုံလာခဲ့တယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) က ဒီမနက် ထုတ်ပြန်ပါတယ်။
Read More

ဖျာပုံ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် ဖြူဖြူထွေး နေရာတွင် ရွှေထိုက်ကို အစားထိုးမည်ဟု ဆို

ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ လွတ်လပ်ရေးနေ့အကြို ဖျော်ဖြေပွဲအတွက် လက်မှတ်တွေ ကြိုတင်ရောင်းချထားပြီးမှ ဖြူဖြူထွေး ပါဝင်ဖျော်ဖြေမှုကို လက်မခံကြတာကြောင့် ဖြူဖြူထွေး အစား အဆိုတော်ရွှေထိုက်နဲ့ ပြောင်းလဲလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ အသီးသီး သဝဏ်လွှာ ပေးပို့၊ တော်လှန်ရေးမှာ AA အပေါ် ယုံကြည်ကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောဆို

၁၀၂၇ စစ်ဆင်ရေးလှိုင်းလုံးနဲ့အတူ တော်လှန်ရေးကို အောင်ပွဲရရှိတဲ့အထိ စည်းလုံးညီညွတ်သွားမယ်လို့ အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း ၁၆ နှစ်ပြည့်အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့  ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

မိုးမိတ်မြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ် (၁) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူလူထု နေအိမ် (၁) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။