ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၄)၊ တပ်ရင်း (၁၂) က ထိန်းသိမ်းထားတဲ့ ဗျူဟာမှူး၊ တပ်ရင်းမှူးအပါအဝင် PDF အယောက် ၅၀ နီးပါး မကြာခင် မိခင်တပ်ရင်းထံ ပြန်ရောက်လာမှာဖြစ်ကြောင်း အမှတ် (၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက လူမှုကွန်ရက်တဆင့် အသိပေးလာပါတယ်။

“တော်လှန်မိဘပြည်သူများကို အသိပေးတင်ပြအပ်ပါသည်။ ကျနော်တို့ မဟာမိတ် KNLA တာဝန်ရှိလူကြီးတွေနဲ့ ညှိနှိုင်းမှု အဆင်ပြေပါတယ်။ မကြာခင် အထိန်းသိမ်းခံထားရတဲ့ ရဲဘော်တွေ အားလုံး လက်နက်နဲ့အတူ မိခင်တပ်ရင်းစီ ပြန်ရောက်မှာပါ။ ကျနော်တို့ တော်လှန်ညီအကိုတွေ နားလည်မှုလွဲတာ အနည်းအကျဥ်းပဲရှိပါတယ်။ ဒါကလည်း ပြသာနာမဟုတ်ပါဘူး ခင်ဗျာ” လို့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားလာတာ ဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ အမှတ်(၃၃) နည်းဗျူဟာရဲ့ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို၊ တပ်ရင်းမှူး မင်းသားကြီး အပါအဝင် ရဲဘော် ၅၀ နီးပါးဟာ စစ်ဆင်ရေးကိစ္စနဲ့ ခရီးသွားရင်း ထိန်းသိမ်းခံလိုက်ရတာ ဖြစ်ပါတယ်။



တနင်္သာရီတိုင်းစစ်ဌာနရဲ့ တပ်ရင်း (၂) က ရဲဘော်နဲ့ တပ်မဟာ (၄) အောက် တပ်ရင်း (၁၂) တပ်ခွဲ (၂) ရဲဘော်တို့ အချင်းများရာကနေ အခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

KNLA တပ်မဟာ (၄) နဲ့ PDF နည်းဗျူဟာ (၃၃) PDF တွေဟာ တနင်္သာရီတိုင်းအတွင်း အာဏာရှင်စစ်တပ်ကို အတူပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေ များစွာရှိခဲ့ပါတယ်။

နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက “တော်လှန်မိဘပြည်သူများနှင့် ရဲဘော်ရဲဘက်များကို ကျေးဇူးတင်ပါတယ်။ တခုပြောချင်တာက စစ်အာဏာရှင်နဲ့ စစ်လော်ဘီတွေ အရမ်းဝမ်းသာမနေပါနဲ့ ခင်ဗျားတို့ကို ကျနော်တို့ မဟာမိတ်တပ်ပေါင်းစုတွေ တဆုံးအထိ တိုက်မှာမပူပါနဲ့” လို့လည်း ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်အရာရှိများ ထိခိုက်သေဆုံး ဖမ်းဆီးခံရမှုရှိလာမှုများနှင့်အတူ တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမှာ စစ်ရေးအသာစီး ရလာပြီဖြစ်သည့် အာရက္ခတပ်တော် AA

“G1 ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ကျွန်တော်တို့လည်း သိရှိထားပါတယ်။ တချို့တွေကတော့ ပြောကြတယ် G1 ဆိုတာက ရုံးထိုင်ရတာပေါ့။ တပ်မတွေ … စအခတွေမှာက G1 တစ်ယောက်တည်းပဲရှိတယ်။ ဒါပေမယ့် စစ်ထွက်တဲ့အခါမှာ ဗျူဟာမှူးက ၃ယောက်မပြည့်ရင် G1 က ခေတ္တ ဗျူဟာမှူးအနေနဲ့ လိုက်ရလေ့ရှိတယ်။ အခုဖြစ်စဉ်ကလည်း နည်းဗျူဟာမှူး မရှိလို့ G1 ကနေပြီးတော့ ခေတ္တ ဗျူဟာမှူးအနေနဲ့ ကျောက်ဖြူကို အရေးပေါ် ထွက်လာရတာလို့ ပြောရမှာပါ” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။
Read More

လန်ဆယ်ဒေသတိုက်ပွဲ ယာယီဆုတ်ခွာခဲ့ရသည့်စခန်းကို KIA ပြန်သိမ်းပိုက်၊ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များ ထိခိုက်သေဆုံးမှုများပြားနေ

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသမှာ KIA တပ်တွေက ယာယီဆုတ်ခွာပေးခဲ့ရတဲ့ စခန်းကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

မေလနှင့် ဇွန်လအတွင်း စစ်တပ်နှင့် ကျောင်းသားလက်ရုံးတပ်တော်တို့၏ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၃၀ ခန့် ထိခိုက်သေဆုံးခဲ့

ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း မကွေးတိုင်း ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းအနီးနဲ့ မင်းလှမြို့နယ် ပုသိမ်-မုံရွာ အဝေးပြေးလမ်းမပေါ်က ကန်တုပ်စခန်းအနီးဝန်းကျင်မှာ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးရိုးမပေါ် စစ်ကြောင်းတက်လာသည့် အကြမ်းဖက်စစ်ကားကို ကြားဖြတ်ခုခံတိုက်ခိုက်၊ ၄ ဦး သေပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာကာ ဖရိုဖရဲ ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရိုးမပေါ် စစ်ကြောင်းတက်လာတဲ့ အကြမ်းဖက်စစ်ကားတစ်စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၄ယောက်သေဆုံးကာ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုထံက သိရပါတယ်။
Read More

ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် စစ်အုပ်စုဆီပို့ဆောင်ရန် ဘိလပ်မြေအိတ်နှင့် စားဆီ​ပုံးတင်ဆောင်လာသည့် ကား ၂ စီးအား Southern YSO PDF  ဖမ်းဆီးသိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းမှာ ပျူစောထီးခေါင်းဆောင်နဲ့ စစ်အုပ်စုတွေဆီပို့ဆောင်မယ့် ဘိလပ်မြေအိတ်နဲ့ စားဆီပုံးတွေ တင်ဆောင်လာတဲ့ ကား၂ စီးကို ဖမ်းဆီးသိမ်းဆည်းနိုင်ခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကို ပြောပါတယ်။