မကွေးတိုင်း၊ အောင်လံမြို့ပေါ် ရပ်ကွက်တချို့မှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲအတုကို ထောက်ခံတဲ့သဘောနဲ့ အိမ်တိုင်း မဖြစ်မနေ အလံလွှင့်တင်ထားရမယ်ဆိုပြီး အရပ်သားတွေကို ခြိမ်းခြောက်ပြောဆိုထားကြောင်း အောင်လံလူထုအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောင်လံမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ စျေးကုန်း၊ ကျောင်းစု၊ တိုးချဲ့ ၊ တရော်ကုန်းနဲ့ အကြော်ကုန်း (ပဲကြော်ကုန်း) စတဲ့ ရပ်ကွက်တွေမှာ ဒီဇင်ဘာလ ၁၈ရက်နေ့ကစလို့ ၂၁ရက်နေ့ နောက်ဆုံးထားပြီး မြန်မာနိုင်ငံအလံကို အိမ်တိုင်းလွှင့်တင်ထားဖို့ စစ်အုပ်စု လက်ပါးစေတွေက အိမ်ပေါက်စေ့ ဖိအားပေးပြောဆိုထားတယ်လို့ သိရပါတယ်။

အလံကို အိမ်ပေါက်စေ့ စိုက်ထူလွှင့်တင်ထားဖို့နဲ့ မလုပ်ဆောင်ထားရင် ဖမ်းဆီးအရေးယူနိုင်တယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

“မြန်မာအလံတွေကို သူတို့ဆီမှာ မဝယ်မနေရဝယ်ခိုင်းတယ်။ ၁၅၀၀၀ တဲ့။ မဝယ်မနေရဘူး၊ ဝယ်ရမယ်တဲ့။ အလံကို စိုက်ထူတဲ့အခါမှာလည်း ဝါးကို ဖြောင့်တန်းတဲ့ဝါးနဲ့ပဲ စိုက်ရမယ်ပြောတယ်။ မဖြောင့်ဘဲ ကွေးကွေးကြီးဆိုလည်း ဒဏ်ငွေထပ်ကောက်ခံရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်” ဆိုပြီး အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

(ဓာတ်ပုံ အောင်လံလူထုအဖွဲ့)

ဒီလိုခြိမ်းခြောက်လုပ်ဆောင်နေမှုကို စျေးကုန်းကျောင်းစုရပ်ကွက်နေ ဦးမဲကြီး၊ ထွန်းမင်းလတ်စတဲ့ စစ်အုပ်စုလက်ပါးစေ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေက လုပ်ဆောင်နေတာလို့လည်း သိရပါတယ်။

အခုလို လုပ်ဆောင်နေတာတွေကို အောင်လံမြို့ပေါ်တွေမှာသာ လတ်တလော တွေ့ရပေမယ့် ထပ်မံ လုပ်ဆောင်လာနိုင်ခြေရှိတယ်လို့လည်း ပြောကြပါတယ်။

“အလံကို အိမ်တိုင်းစိုက်ထူခိုင်းရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့ မတရားလုပ်ဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲကို ထောက်ခံပါတယ်ဆိုတဲ့အချက်ရယ်၊ သူတို့ စစ်တပ်ကို ပြည်သူတွေထောက်ခံပါတယ်ဆိုတဲ့ အချက်ရယ် ကြောင့်ပါ” လို့ အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

လက်ရှိအခြေအနေတွေအရ အောင်လံမြို့နယ်အပါအဝင် နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူးတိုင်း ပြည်မြို့နယ်ကြားက ကျေးရွာတွေမှာ စစ်အုပ်စုလက်ပါးစေ ကျေးရွာအာဏာပိုင်ဆိုသူတွေရဲ့ စစ်မှုထမ်းစုဆောင်းမှုနဲ့ စျေးကွက်ပုံစံ အရောင်းအဝယ်တွေ ဆိုးဆိုးရွားရွားရှိနေပြီး အရပ်သားလူငယ်တွေလည်း တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က နေ့စဥ်ဆိုသလို လေကြောင်းဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ရေးရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်က နေ့စဉ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဇေကမ္ဘာဦးခင်ရွှေ ပြန်လည်လွတ်မြောက်လာ

စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ စက်တင်ဘာလ ၂၈ ရက်နေ့က  အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။ ၂၀၂၂ ခုနှစ်မတ်လက သားဖြစ်သူ ဇေသီဟနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဇေကမ္ဘာဦးခင်ရွှေဟာ ၂နှစ်ကျော်အကြာ အကျဉ်းထောင်မှာနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ပါတယ်။
Read More

နိုင်ငံတဝန်း ဇူလိုင်လအတွင်း စစ်ကောင်စီတပ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၅၄ ဦး သေဆုံးဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၅၄ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

လက်နက်စက်ရုံ ကပစ- ၁၃ ကို ရှော့တိုက်ဒုံး အများအပြားနှင့် ပစ်ခတ်တိုက်ခိုက် …ထိခိုက်ပျက်စီးမှု များပြားနိုင်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်က စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၁၃) စက်ရုံကို ရှော့တိုက်ဒုံး ၁၀လုံးနဲ့ အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က‌ ဒီကနေ့သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

အုတ်ဖိုမြို့နယ်အတွင်း စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ထုတ် အရက်ဘီယာရောင်းချနေတဲ့ ဈေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ ၊ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံက သိရပါတယ်။
Read More

ရေးမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါဝင် စစ်သား ၁၂ ယောက်သေကာ တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့…

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ စံပြကျေးရွာထိပ်က စစ်ကောင်စီကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ မော့ကနင်အခြေစိုက် ခမရ ၅၈၈ တပ်က ဗိုလ်ကြီး လှိုင်မြင့်ထွန်းအပါဝင် ၁၂ ယောက်သေဆုံးခဲ့တယ်လို့ ရေးအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က​ မောင်းသတင်းဌာနကို ပြောပါတယ်။