အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ MRTV ၊ MITV နဲ့ Myanmar Radio လိုင်း ၁၄ ခုကို Twitch ၊ Facebook ၊ YouTube နဲ့ MediaFire တို့ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ MRTV နဲ့ ရေဒီယိုလိုင်း ၁၄ ခုကို ဝဘ်ဆိုဒ်၊ Google၊ Apple App stores ရှိ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့တာဖြစ်သလို MITV ဝဘ်ဆိုဒ်နဲ့ တွဲထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အလားတူ Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး YouTube ကလည်း စစ်တပ် ပြန်ကြားရေး ဝန်ကြီးဌာန အကောင့်တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ YouTube ကတော့ MITV အကောင့်ကို ဖယ်ရှားဖို့အတွက် လက်ရှိအချိန်ထိ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က Facebook အကောင့်တွေမှာ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင်တွေကို သိမ်းဆည်းထားသိုဖို့ အသုံးပြုတဲ့ MediaFire ဝဘ်ဆိုဒ်ကနေလည်း ရတနာပုံသတင်းစာ အကောင့်တွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ဝန်ဆောင်မှုပေးနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေဆီ Justice For Myanmar က စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုမှာ အခုလို စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ပိတ်သိမ်းဖြုတ်ချလိုက်တာလို့ ဆိုပါတယ်။

Justice For Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ကိုင်တွယ်စီမံနေတာဖြစ်ပြီး အဲဒီအကောင့်တွေကို ပိတ်သိမ်းဖြုတ်ချဖို့ Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တွေဆီကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဆိုပါ ကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာနဲ့ သီရိလင်္ကာလုပ်သားတွေကို ကမ္ဘောဒီးယားတွေနေရာမှာ အစားထိုးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးပြော

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်နိမိတ် တင်းမာမှုတွေ ဖြစ်ပွားနေချိန် ထိုင်းကနေ ထွက်ခွာသွားတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရာမှာ အစားထိုးဖို့ မြန်မာလုပ်သား ၄၂၀၀၀ နဲ့ သီရိလင်္ကာလုပ်သား ၁၀၀၀၀ ခန့်ကို ၂ လအတွင်း ခေါ်ယူသွားမယ်လို့ ထိုင်းအနေနဲ့ စီစဉ်နေပါတယ်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းရောက် ရွှေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိသော်လည်း ကျောင်းတက်ခွင့်ရမည့် ဥပဒေသစ် အတည်ပြုထုတ်ပြန်

ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးစုံနဲ့ ရောက်ရှိနေကြတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ကလေးငယ်တွေအတွက် အထောက်အထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တန်းတူညီမျှ ပညာသင်ကြားခွင့်ပေးမယ့် ဥပဒေသစ်တစ်ရပ်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းတော်ဝင်ပြန်တမ်း (Royal Gazette) က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
Read More

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန်အောက်လွှတ်တော်မှာ ကြားနာ

အကြမ်းဖက် မြန်မာစစ်တပ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတွေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလအထွေထွေညီလာခံ၏ ဆက်စပ်အစည်းအဝေး ရိုဟင်ဂျာအရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး တက်ရောက်…

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ အကြိမ် ၈၀ မြောက် ဆက်စပ်အစည်းအဝေးအဖြစ် နယူးယောက် မြို့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာအရေး နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက် အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ဘန်ကောက်မြို့ စစ်ကောင်စီသံရုံးရှေ့ မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့များ ဆန္ဒပြ၊ မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သည့် ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချ

ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ စစ်ကောင်စီသံရုံးရှေမှာ အကြမ်းဖက် မင်းအောင်လှိုင်ကို ထိုင်းအရပ်ဘက်အဖွဲ့တွေ ဆန္ဒပြခဲ့ပြီး BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရကိုလည်း ကန့်ကွက်ရှုတ်ချခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။