ပန်ကရိယ ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ မနေ့က ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ညောင်ညောင် (ခ) ညီညီလှိုင်ဟာ ရန်ကုန်မြို့ မြောက်ဥက္ကလာပ OSC ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိန်သီးက “သီးလေးသီးမဖြစ်ခင် သီးလေးသီး ဖြစ်အောင် လက်တွဲခေါ်ခဲ့တဲ့အကို၊ ဆရာ.. အကို့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့နိုင်ခဲ့ဘူး။ အဝေးကနေပဲ 🙏🏻 လိုက်ပါတယ်။ အကိုဆရာ ကောင်းရာသုဂတိလားပါစေ”လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူနောက်ဆုံး သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားက “ဂေါင်းကြီးတို့ ပြန်လာပြီ ၂” ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ဂိတ်စခန်း တိုက်ခိုက်ခံရကာ အကြမ်းဖက်စစ်သား ၂ ဦး သေပြီး ကျန်သူများ ထွက်ပြေး၊ ပေါင်းတည်တွင်လည်း စစ်အုပ်စု ဆိုင်ကယ်တန်း မိုင်းဆွဲခံရပြီး ၁ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်အုပ်စု ဂိတ်စခန်း ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပေါင်းတည်မြို့နယ်က အကြမ်းဖက်ဆိုင်ကယ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ စစ်အုပ်စု ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း PDF ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောဒိုရှင်းက မောင်းကို ပြောပါတယ်။
Read More

KPF တပ်ဖွဲ့တာဝန်ရှိသူ ချန်းဂျော်ရမ် ကချင်ရှေ့တန်းစစ်မျက်နှာမှာ ကွယ်လွန်

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးဟာ ကချင်ပြည်နယ်တစ်နေရာမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့ရပါတယ်။
Read More

နိုင်ငံတဝန်း ၃ လ အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ဦး အပါအဝင် ပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင်လကနေ စက်တင်ဘာလအထိ ၃ လတာအတွင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၇၉ ယောက်အပါအဝင် အရပ်သားပြည်သူ ၄၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီက လက်လွှတ်လိုက်ရသည့် ဒေသများကို ဦးစားပေး အရှိန်မြှင့်တိုက်ခိုက်နေ

စစ်ကောင်စီက သူတို့လက်လွှတ်လိုက်ရတဲ့ ဒေသတွေကို ဦးစားပေးပြီး အရှိန်မြှင့်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့  (HRW) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။