ဒီဇင်ဘာလ ၁၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ အောက်လွှတ်တော်မှာ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

“U.S. Policy on Burma: Opportunities and Challenges” ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်တဲ့ အဆိုပါ ဆွေးနွေးပွဲကို အမေရိကန်အခြေစိုက် အဖွဲ့ဖြစ်တဲ့ The Burma Research Institute (BRI) က ကြီးမှူးကျင်းပတာဖြစ်ပြီး အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Ms. Young Kim က ပံ့ပိုးကူညီခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို အမေရိကန်အောက်လွှတ်တော် ကိုယ်စားလှယ် Ms. Young Kim (R, California – 40)၊ Mr. Jefferson Shreve (R, Indiana – 6)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်ကော်မတီ အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့်နဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ဦးမိုးဇော်ဦးတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ဒေါ်မြတ်သီတာထွန်းတို့က ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့မှု အပါအဝင် ပြည်သူအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေအကြောင်း ဆွေးနွေးခဲ့သလို မြန်မာပြည်တွင်း ကျားဖြန့်လုပ်ငန်းတွေ အဆုံးသတ်နိုင်ရေးအတွက် CRPH၊ NUG၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့လို ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရှင်းလင်းတင်ပြခဲ့တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်တာကြောင့် ထွက်ပေါ်လာမယ့် ရလဒ်ကို တရားဝင် ငြင်းဆိုပေးဖို့၊ မြန်မာနိုင်ငံသားတွေရဲ့ ယာယီနေထိုင်ခွင့် ရပ်စဲတဲ့ ဆုံးဖြတ်ချက်ကို ဖြေလျှော့ပေးဖို့၊ မကြာသေးခင်က အတည်ပြုခဲ့တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းများအပေါ် တာဝန်ခံမှုရှိစေရေးနှင့် အရေးယူဆောင်ရွက်ရေး ဥပဒေ (S.2950) ကို အသုံးပြုပြီး အာဏာသိမ်းစစ်တပ်ကို ရာဇဝတ်မှုတွေ အားပေးကူညီနေတဲ့ အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တားဆီးနှိမ်နင်းရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ကြောင်း CRPH ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မလေးရှား နိုင်ငံခြားရေးဝန်ကြီး အာဏာသိမ်းစစ်အုပ်စုနှင့် တွေ့ရန် နေပြည်တော်လာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်အုပ်စုရဲ့ လာမယ့်ရွေးကောက်ပွဲကိစ္စတွေနဲ့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေတွေနဲ့ ပတ်သက်ပြီး တွန်းအားပေးပြောဆိုဖို့ ကြာသပတေးနေ့မှာ နေပြည်တော်ကို သွားရောက်မယ့်အကြောင်း မလေးရှားအစိုးရက ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

စစ်အုပ်စုရွေးကောက်ပွဲ အာဆီယံက လေ့လာသူ စေလွှတ်ဖွယ်မရှိကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး ပြော

မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာစစ်အုပ်စုရဲ့ ရွေးကောက်ပွဲတွေအတွက် အာဆီယံအဖွဲ့ကြီးက လေ့လာသူတွေ စေလွှတ်ပေးဖို့ သဘောတူလိမ့်မယ်လို့ မထင်ကြောင်း အောက်တိုဘာလ ၁၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
Read More

ရခိုင်မှာ စာနာမှုစင်္ကြံတည်ဆောက်ရန် ဆွေးနွေးမှုများတွင် ကုလမပါဝင်သေးဘူးဟု ဆို

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်ဖို့ ဆွေးနွေးမှုတွေအတွင်း ကုလသမဂ္ဂအနေနဲ့ ပါဝင်ခြင်း မရှိခဲ့သေးကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC) Gwyn Lewis က ဇွန်လ ၄ ရက် ဒါကာမှာ ပြုလုပ်တဲ့ စကားဝိုင်းတစ်ခုမှာ ပြောပါတယ်။ 
Read More

ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘီလာရုစ်နိုင်ငံများသည် အကြမ်းဖက်မင်းအောင်လှိုင်၏ ရာဇဝတ်မှု မိတ်ဖက်များဟု JFM ထုတ်ပြန်

အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ဘီလာရုစ်နိုင်ငံတွေဟာ ရာဇဝတ်မှု မိတ်ဖက်တွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြဝတီမှာ လူကုန်ကူးခံရသူ ၁၁၀ ယောက်ကို ကယ်ပေးဖို့ အရပ်ဘက်အဖွဲ့တွေ ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်း

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။