စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက် မနေ့ည ၈နာရီခွဲလောက်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဆည်တောရွာထဲကို ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံး ကြဲချခဲ့တာကြောင့် ဦးညွန့်ဝေ (၇၀ နှစ်)၊ ဇနီး ဒေါ်မြင့်ကြည် (၇၀ နှစ်)၊ တူဖြစ်သူ မောင်ဇေယျာထွန်း (၂၅ နှစ်) နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ ယောက် ရှိပြီး နေအိမ် ၃ လုံး၊ ကား ၁စီး မီးလောင်ပျက်စီးကာ နွား ၃ကောင်လည်း သေဆုံးခဲ့ပါတယ်။

“ဒဏ်ရာရသူတွေက ၅ ယောက်လောက်တော့ ရှိတယ်။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ရွာသားတွေက မနေ့ညက နည်းနည်း တိမ်းရှောင်တာတွေတော့ ရှိတယ်။ အခုကတော့ ပုံမှန်ပါပဲ။ ဖိုက်တာသတင်းကတော့ နားစွင့်နေရတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက် ဒီမနက်မှာပဲ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိပ်ရွာထဲကို ကျောက်မြောင်း ခမရ (၁၂) ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၁ ပါးနဲ့ ကလေး၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ခန့် ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

နတ်မောက်မြို့နယ်ထဲ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း သေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။
Read More

စစ်ကောင်စီတပ် ကပစ ၂၄ မှ ဒုတပ်ကြပ် ၁ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၄) က ဒုတပ်ကြပ်တစ်ယောက် လက်နက် ၂ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် အမှတ် (၅) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းကို စစ်ကောင်စီ တစ်ရက်အတွင်း ၂ ကြိမ် လေကြောင်းတိုက်ခိုက်၊ မိသားစုဝင် ၄ ဦးနှင့် ကလေးငယ်များအပါ ၆ ဦး သေဆုံးပြီး  ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ ဆီက သိရပါတယ် ။
Read More

သံလွင်မြစ်ရေတက်လာတာကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်နေ

ဝီဖာမုန်တိုင်းအရှိန်ကြောင့် သံလွင်မြစ်ရေတက်လာကာ ကရင်ပြည်နယ်၊ ဘားအံမြို့က မြို့ပေါ်ရပ်ကွက်တွေထိပါ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ဒေသခံတွေထံက သိရပါတယ်။
Read More

မိုးကုတ်ဗျူဟာ၏ လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်ရှိ မိုးကုတ်မြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက တပ်ရင်းတွေ စုဖွဲ့ထားတဲ့ မိုးကုတ်ဗျူဟာက လက်နက်ကြီးသင်တန်းအပတ်စဉ်(၃) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံး၊ (၃) ယောက် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးပြီး (၃) ယောက် ဒဏ်ရာရကာ လူနေအိမ် (၃)လုံးနဲ့ ကား (၁)စီး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။