ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးရဲဘော်တွေကနေ‌ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၈ ရက် ဒီမနက် ၃နာရီ ၄၂ မိနစ်ဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် လှုပ်ရှားနေပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ မတရားဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ဆောင်နေတဲ့ ပိတောက်ချောင်းနယ်မြေရဲစခန်းကို “Operation Flame – Fire power” အထူးစစ်ဆင်ရေး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ရဲစခန်းမှာက အင်အား ၂၀ ပတ်ချာလည်တော့ ရှိလောက်မယ်။ အတိအကျတော့ Data မရထားပါဘူး။ ၂ပတ်အကြာ မြေပြင်စောင့်ကြည့် ထောက်လှမ်းပြီး အနီးကပ် ၂ရက် ကြိုတင် ပြင်ဆင်မှုတွေလုပ်ပြီး ဒီ မနက်ပိုင်းမှာ အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ Operation Flame ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ရဲစခန်းနဲ့ အနီးကပ်ဆုံးနေရာတွေမှာ မိုင်းတွေကို ချထားနိုင်ခဲ့ပြီး ရဲတပ်သားတွေ မနက်အစောပိုင်း ကင်းချိန်းချိန်မှာ အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။



“ရန်သူ ထိခိုက်မှု အသေးစိတ်ကတော့ စုံစမ်းအတည်ပြုနေဆဲပါ။ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်ရာကို ရောက်ရှိနေပြီဖြစ်ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Operation Flame အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ရသမျှနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန် တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်တပ်က အတုယောင် ရွေးကောက်ပွဲတွေကို မည်သို့ပင်လုပ်ဆောင်နေပါစေ မြို့ပြတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်ဘဲ ဆက်လက်အရှိန်မြှင့် တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

အထက်ပါ တိုက်ခိုက်မှုကိုတော့ Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း မိုင်းခွဲခံရပြီး စစ်သား ၂ ယောက် ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ကနီမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ စစ်ရှောင်ပြည်သူတွေထဲက ထိခိုက်ဒဏ်ရာရသူတွေနဲ့ မကျန်းမာတဲ့သူတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတ အလေးပြုကြ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်းက တပ်ရင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျဆုံးရဲဘော် ၂ ယောက်ကို လွမ်းဆွတ်တမ်းတတဲ့အနေနဲ့ အလေးပြုအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မန်းရွှေစက်တော်ဘုရားအနီး သွားလာမှုတွေ မပြုလုပ်ဖို့ မင်းဘူးခရိုင် PDF တပ်ရင်း သတိပေး

စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးမှုတွေရှိနေတာကြောင့် မန်းရွှေစက်တော်ဘုရားအနီးကို ပြည်သူတွေ လာရောက်ခြင်းမပြုဖို့ ပြည်သူ့ကာကွယ်‌ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက သတိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

NUG အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန ၂ ခု၏ ဒုဝန်ကြီး မြေပြင်ကွင်းဆင်း တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနတို့ရဲ့ ဒုဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားတဲ့ ဦးကျော်နီ မြေပြင်ကွင်းဆင်းပြီး အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ သတင်းပြန်ကြားရေးမီဒီယာက ဩဂုတ် ၄ ရက် မနေ့က သတင်းဖော်ပြထားပါတယ်။