ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက မေမေဟာ ‘ကျန်းမာရေးကောင်းမွန်ပါတယ်’ လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ မိသက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတရား ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက်စစ်တပ်လက်ထဲ ရောက်ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်နှင့်ပြီး ဖြစ်နိုင်တယ်လို့ ကိုထိန်လင်းက ဒီရက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောလာခဲ့တာပါ။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်



စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ရှေ့နေအဖွဲ့တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အချိန်ကြာမြင့်လာချိန်မှာ ကိုထိန်လင်းက အခုလို ထုတ်ပြောလာခဲ့တာပါ။ အဲ့လိုပြောဆိုမှုတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သက်သေ တစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

“Shakespeare ရဲ့ Hamlet မှာ ပြောထားသလို — ‘အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။’ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်အုပ်စု စစ်ကြောင်းများအပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်တိုက်ရှိနေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ တစ်လကြာဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကြောင့် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို လေကြောင်းရန်ကိုလည်း ရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အရာတော်တွင် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးများဖြင့် တပ်လန်ပြန်ဆုတ်သွားအောင် တော်လှန်ရေးတပ်များ တိုက်ခိုက်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဆောနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ၃ ဦး သေဆုံး ၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ဆောမြို့နယ်က ကျေးရွာတစ်ရွာကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ သေဆုံးပြီး ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်ထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ယမ်းထုတ်ယူဖို့ ကြိုးစားရာက ပေါက်ကွဲပြီး ဒေသခံနှစ်ယောက် သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖက်ကာမြို့နယ်၊ နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ပစ်ထားပြီး မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးကို ယူလာကာ ယမ်းထုတ်ယူဖို့ လုပ်ဆောင်နေစဉ်မှာပဲ ထပေါက်ကွဲလို့ ဒေသခံ ၂ ယောက်လုံး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။