ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက မေမေဟာ ‘ကျန်းမာရေးကောင်းမွန်ပါတယ်’ လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ မိသက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတရား ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက်စစ်တပ်လက်ထဲ ရောက်ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်နှင့်ပြီး ဖြစ်နိုင်တယ်လို့ ကိုထိန်လင်းက ဒီရက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောလာခဲ့တာပါ။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်



စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ရှေ့နေအဖွဲ့တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အချိန်ကြာမြင့်လာချိန်မှာ ကိုထိန်လင်းက အခုလို ထုတ်ပြောလာခဲ့တာပါ။ အဲ့လိုပြောဆိုမှုတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သက်သေ တစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

“Shakespeare ရဲ့ Hamlet မှာ ပြောထားသလို — ‘အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။’ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်း (၈၀၈) မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်းအမှတ် (၈၀၈) က မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များကို နေပြည်တော် ပကဖ တိုင်းတာဝန်ခံနှင့်အဖွဲ့ သွားရောက်တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်း-တာဝန်ခံ ရဲဘော်နောင်ချိုနဲ့အဖွဲ့ဟာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိတွေ့ပစ်ခတ်မှုမရှိဘဲ ထီးချိုင့်နယ်ကို စစ်အုပ်စု ဗုံးကြဲ၊ အရပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ထီးချိုင့်မြို့နယ် ၊ ပေါက်ကုန်းရွာကို ထိတွေ့ပစ်ခတ်မှုမရှိဘဲ စစ်အုပ်စုက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာလို့ ကျပ်ငွေ ၈၁ သိန်း ဆုချီးမြှင့်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကန့်ဒေါင့်ရဲစခန်းက ရဲတပ်ကြပ် ၁ ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် ၈၁ သိန်း ဆုချီးမြှင့်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ထားပါတယ်။
Read More

ကျုံပျော်မှာ စစ်တပ်ရိက္ခာပို့ဖို့ ကားငှါးရမ်းခ ကုန်ကျငွေကို ပြည်သူဆီက ကောက်ခံ

စစ်ကောင်စီဟာ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်ကို စစ်တပ်ရိက္ခာပို့ဆောင်ဖို့ ကုန်ကားငှါးရမ်းခဆိုပြီး ဧရာဝတီတိုင်း ကျုံပျော်မြို့နေ ပြည်သူတွေထံက ငွေကြေးကောက်ခံနေတယ်လို့ သိရပါတယ်။
Read More

သရက်-မင်းလှလမ်းပိုင်းအတွင်း လုံခြုံရေးအရ တားမြစ်စစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးသည့် ကားတစ်စီးကို ဖမ်းဆီးခဲ့ကြောင်း USBA ပြော

မကွေးတိုင်း၊ သရက်-မင်းလှလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တာဝန်အရတားဆီးစစ်ဆေးမှုကို လက်မခံပဲ မောင်းပြေးတဲ့အတွက် သေနတ်နဲ့ချိန် ဖမ်းဆီးခဲ့ပြီး ယာဥ်မောင်းသူကို မေးမြန်းစစ်ဆေးနေတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာဝန်ခံ ကိုဗဟိန်းက​ မောင်းသတင်းဌာနကို ပြောပါတယ်။