လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးအခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြားမတည်ဆောက်နိုင်ပေမယ့် တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတာမို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းကူညီပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေးရဲ့ အခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့သော်လည်း တရားရေးဝန်ကြီးဌာနကိုဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကိုလည်း အလေးထား ပူးပေါင်းကူညီပေးကြဖို့လည်း လေးစားစွာ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဒီမိုကရေစီ စံချိန်စံနှုန်းတွေ၊ မူနဲ့အုပ်ချုပ်တဲ့စနစ်တွေဖြစ်ဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ ပြောခဲ့ပါတယ်။

လက်ရှိ တော်လှန်ရေးအရှိန်အမြင့်ဆုံးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူနဲ့ထိတွေ့တာ၊ ပြည်သူ့အသံ နားထောင်တာ၊ ပြည်သူ့ဆန္ဒကို ပိုသိအောင်ကြိုးစားတာတွေလုပ်ဖို့၊ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေး လျင်မြန်စွာ အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ် ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မတရားဖိနှိပ်မှုအောက်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အခက်အခဲတွေကြား ရှင်သန်နေရတဲ့ ပြည်သူတွေအတွက် လုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ရင်း စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပိတ်ဆို့ တိုက်ခိုက်နေသည့် ရွာ ၂ ရွာမှ ပျူစောထီးများ စခန်းစွန့်ခွါထွက်ပြေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အငတ်ဘေးကြုံံနေရတဲ့ ညောင်ကိုင်း နဲ့ တည်သီးတောရွာတွေအတွင်းက ပျူစောထီးတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဗလကြီးက မောင်းကို ပြောပါတယ်။
Read More

နိုဝင်ဘာ (၁) လအတွင်း စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် TNLA ထိန်းချုပ်ရာ နယ်မြေတွေမှာ ဒေသခံ (၃၈) ယောက် သေဆုံး၊ အယောက် (၇၀) ဒဏ်ရာရ၊ နေအိမ် (၁၃၀)လုံး ပျက်စီးခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်စိုးမိုးရာ နယ်မြေမှာ နိုဝင်ဘာလ (၁)လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၃၈) ယောက် သေဆုံးပြီး အယောက် (၇၀) ဒဏ်ရာရရှိကာ နေအိမ် (၁၃၀)လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲတိုက်ပွဲအတွင်း AA တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်ကြောင်း BNRA ပြော

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်တွေထဲမှာ ရခိုင့်တပ်တော် AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Read More

ပွင့်ဖြူနှင့် စလင်းတွင် စစ်အုပ်စုက ခရီးသည်ကားများကို ပစ်မှတ်ထားပြီး လူငယ်များကိုပေါ်တာဆွဲ၊ ၂ လအတွင်း လူငယ် ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းက ပွင့်ဖြူနဲ့ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခရီးသည်တင်ကားတွေ အဓိကပစ်မှတ်ထားပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေ​ကြောင်း ပြည်သူ့ညီနောင်စလင်းတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်ခေါင်းတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။