ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ ဆင်တလင်းရွာထဲ ဒုရဲအုပ် ရဲလွင် ဦးဆောင်ကာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တစ်ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅ယောက် ဒဏ်ရာရကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြုံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ်၊ အရင်ကလည်း စွဲဖူးတယ်၊ ပြန်ထွက်လိုက်ပြန်ဝင်လိုက်နေနေကြတာ ၊ စခတွေသေဆုံးမှူကိုတော့ တိုက်ပွဲအတွင် မြင်တွေ့ခဲ့တာတွေရှိသလို လာရောက် အလောင်းကောက်သွားကြတာကို မြင်တဲ့ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ် ။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားပါ သေးတယ်။

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေက အင်အား ၈၀ ဝန်းကျင်နဲ့ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၁ ယောက် သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
” စခတွေဘက်ကအင်အားဖြည်စစ်ကြောင်းထိုးလာခြင်းကြောက်ထို့နေညနေပိုင်မှထပ်မံထိတွေဖြစ်တာပါ ၊လက်ရှိဆင်တလင်းရွာမှာတော့ပြည်သူတွေပါရှောင်နေကြပြီးစခရခတွေကတော့ဝင်ထွက်သွားလာမှူအချိုရှိနေတယ်လို့သိရပါတယ်” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ် ။
တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ထိမှန်ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 သေနတ် (၄) လက် ၊ MA – 3) ၆ လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃ ) ခု နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။


