ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ ဆင်တလင်းရွာထဲ ဒုရဲအုပ် ရဲလွင် ဦးဆောင်ကာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တစ်ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅‌ယောက် ဒဏ်ရာရကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြုံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ်၊ အရင်ကလည်း စွဲဖူးတယ်၊ ပြန်ထွက်လိုက်ပြန်ဝင်လိုက်နေနေကြတာ ၊ စခတွေသေဆုံးမှူကိုတော့ တိုက်ပွဲအတွင် မြင်တွေ့ခဲ့တာတွေရှိသလို လာရောက် အလောင်းကောက်သွားကြတာကို မြင်တဲ့ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ် ။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားပါ သေးတယ်။

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေက အင်အား ၈၀ ဝန်းကျင်နဲ့‌ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၁ ယောက် သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

” စခတွေဘက်ကအင်အားဖြည်စစ်ကြောင်းထိုးလာခြင်းကြောက်ထို့နေညနေပိုင်မှထပ်မံထိတွေဖြစ်တာပါ ၊လက်ရှိဆင်တလင်းရွာမှာတော့ပြည်သူတွေပါရှောင်နေကြပြီးစခရခတွေကတော့ဝင်ထွက်သွားလာမှူအချိုရှိနေတယ်လို့သိရပါတယ်” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ် ။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ထိမှန်ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 သေနတ် (၄) လက် ၊ MA – 3) ၆ လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃ ) ခု နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်ကျောက်ဝိုင်း ပစ်ခတ်မှုကြောင့် ထွက်ပြေးခဲ့ရပေမယ့် ဘယ်အဖွဲ့လာပစ်လဲဆိုတာ အခုထိ မသိရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျောက်ဝိုင်းမှာ မနေ့ညက အမည်မသိ အဖွဲ့အစည်းတစ်ခုက လာရောက် သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူအများအပြား ဝရုန်းသုန်းကား ထွက်ပြေးခဲ့ကြရပါတယ်။
Read More

လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေသည့် စစ်မှုထမ်းဟောင်းနှင့် ချွေးမဖြစ်သူတို့ကို ဖမ်းဆီး၊ သေနတ်လုပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့…

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စစ်မှုထမ်းဟောင်း ကြည်အေးနဲ့ သူရဲ့ ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာချိန် လမ်းမှာ သေနတ်လုပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့​ဘက်တော်သားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဒီပဲယင်းမှာ စစ်ကောင်စီက ကျခတ်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ကိုရင််ငယ် ၃ ပါးနှင့် အရပ်သား​ ၂ ဦးသေဆုံးပြီး ဥပုသ်စောင့်ဖို့လာသည့် သက်ကြီးပိုင်းများလည်း ထိခိုက်ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျခတ်ကျေးရွာရှိ ဘုန်းကြီးကျောင်းက ကိုရင်ငယ် ၃ ပါးနဲ့ အမျိုးသား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

သထုံ​မြို့ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ် ဝင်ရောက်တပ်စွဲကာ နေအိမ်များ ဖောက်ထွင်းပြီး ဒေသခံများကို နှိပ်စက်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ် အတွင်းက တက်တူကုန်း ကျေးရွာကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ဒေသခံ တယောက် ကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ KNU ​ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။ 
Read More

ပဲခူးအနောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုကြောင့် လူငယ်တွေ ရှောင်တိမ်းနေကြရ

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ သုံးဆယ်မြို့တို့က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ပေါ်တာဆွဲမှုတွေ ထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

အမ်း-စစ်တွေ ကားလမ်းဘေးက ကျေးရွာ ၇ ရွာကို အကြမ်းဖက်စစ်တပ် ရွှေ့ပြောင်းခိုင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က အမ်း-စစ်တွေ ကားလမ်းအနီးမှာရှိတဲ့ ကျေးရွာ ၇ခုကို အကြမ်းဖက်စစ်တပ်က ချက်ချင်းပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွါ ထွက်ပြေးနေကြတယ်လို့ သိရပါတယ်။