အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ရလဒ်တွေအပေါ် အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်တဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ (Personal Scrutinization and Monitoring System) PSMS အသုံးပြုကာ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက်ချိုးဖောက်နေတာဟာ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရဲ့ ရလဒ်မျှော်မှန်းချက်ကို လက်လှမ်းမမှီတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ် အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက်ချိုးဖောက်နေခြင်းကြောင့် ဤမျှော် မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။


ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အင်တာနက် ဖြတ်တောက်တာ၊ VPN ကန့်သတ်တာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေ ပိတ်ပင်တာတွေ လုပ်နေပြီး နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် ရယူခွင့်ကို ချိုးဖောက်နေတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၇ တို့ရဲ့ ပေးထားချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ် လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံ တဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်သည်” လို့ ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့အပြင် သတင်းအချက်အလက် အမှားတွေနဲ့ လိမ်ညာဝါဒဖြန့်တာတွေ လုပ်ဆောင်နေပြီး အဲ့လိုလုပ်ဆောင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer တွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ ရုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။



“အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က PSMS ကို အသက်သွင်းပြီး ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပြီး အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်မှာ နေထိုင်နေရတယ်လို့လည်း ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

မြန်မာဘက်ပို့မည့် Starlink ၂၁ လုံး သယ်ဆောင်လာသူ မြန်မာတစ်ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီ အကောက်ခွန်ဂိတ်မှာ မြန်မာနိုင်ငံကို ပို့မယ့် Starlink ဂြိုလ်တုအင်တာနက် ဆက်သွယ်ရေး စက် ၂၁ လုံး သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားကို တားမြစ်ပစ္စည်းတွေ တရားမဝင် လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ ထောင်ကျော်ထိ ရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

တော်လှန်ရေးထောက်ပံ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ကောင်စီဟာ အင်ဒိုနီးရှားလူငယ်တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တွေ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးထားတာကြောင့် အင်ဒိုနီးရှားအမတ်တွေအကြား စိုးရိမ်မှုမြင့်တက်ကာ သံတမန်ရေးအရ ချက်ချင်းအရေးယူဖို့ တောင်းဆိုထားကြပါတယ်။