ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားမဝင် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းမှုတွေကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ဖို့ ကိုရီးယား နိုင်ငံရေးပါတီတွေနဲ့ အမတ်တွေက ထည့်သွင်းတောင်းဆိုပါတယ်။

“မြန်မာစစ်အစိုးရသည် နိုင်ငံတကာ၏ သတိပေးချက်များကို လျစ်လျူရှုကာ စစ်အုပ်စုဖြင့် ဖွဲ့စည်းထားသည့် ‘နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ မှတဆင့် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ တရားမဝင် ရွေးကောက်ပွဲကို အတင်းအကျပ် ကျင်းပမည်ဟု ကြေညာခဲ့သည်။ ၄င်းမှာ စစ်အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေရန်နှင့် အာဏာကို ခိုင်မာရန် လုပ်ဆောင်ခြင်းဖြစ်သဖြင့် နိုင်ငံတကာအသိုက်အဝန်းက မည်သည့်နည်းနှင့်မျှ တရားဝင်မှုအဖြစ် အသိအမှတ် မပြုနိုင်သော လုပ်ရပ်ဖြစ်သည်” လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို အတင်းအကြပ် နှင်ထုတ်တာ၊ ညှဥ်းပန်းနှိပ်စက်တာ၊ ဒီမိုကရေစီလိုလားသူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ရပ်တန့်ပေးဖို့နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံ (ICC) ထံ တောင်းဆိုကြောင်း ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းရောက် မြန်မာတွေ ထွက်သွားကြဖို့နဲ့ ထိုင်းနိုင်ငံကို အလုံးအရင်း ရွှေ့ပြောင်းလာတဲ့အပေါ် ကန့် ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံအတွင်းက ထွက်သွားဖို့နဲ့ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ရွှေ့ပြောင်းလာနေမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်က စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်ကွန်ကရက် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌများက အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက နိုင်ငံခြားရေးရာကော်မတီဥက္ကဌများနဲ့ လွှတ်တော်အမတ်များက သမ္မတဒေါ်နယ်ထရန့်ထံ တိုက်တွန်းခဲ့တယ်လို့ အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက  ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
Read More

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ပြုလုပ်နေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ IPU ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံဖြတ်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မြန်မာဒုက္ခသည်တွေကို ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီကြောင့် မဖြစ်မနေ  နေရပ်စွန့်ခွာ ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံသားတွေကို ဖေးမကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ငြင်းပယ်၊ NUG နှင့် CRPH သာ ပြည်သူလူထုကိုယ်စားလှယ်ဟု ဥရောပသမဂ္ဂပါလီမန် သတ်မှတ်

လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အကြမ်းဖက်စစ်တပ် ကျင်းပဖို့ ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲကို ဥရောသမဂ္ဂပါလီမန်က ငြင်းပယ်လိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထပ်မံအသိအမှတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။