မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၇ရက် မနေ့မနက်အစောပိုင်းက ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းရှိရာကို ဦးတည်ပြီး Unity Rocket Organization အဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်လုပ်ရှော့တိုက်ဒုံး ၁၃လုံးအထိ ရည်ရွယ်အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း Unity Rocket Organization အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ထုတာတော့ စုစုပေါင်း ၁၃ လုံးပါ။ လေပေါ်ကွဲတာက ၄ လုံး၊ ကျရောက်ပေါက်ကွဲတာက ၄ လုံးနဲ့ ထပ်မပစ်တာက ၅လုံးပါ။ အဓိကကတော့ သူတို့ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံဘူးဆိုတာ သိစေချင်လို့ပါ။” လို့ Unity Rocket Organization အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ရေပုတ်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးနေရာနဲ့ ခရိုင် လဝက ရုံးနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မနက်အစောပိုင်းဖြစ်တာကြောင့် အရပ်သားတွေ မရှိတဲ့အချိန် ဖြစ်တယ်လို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ

အဲ့ဒီဖြစ်စဥ်အပြီး စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အခင်းနေရာကို ရောက်ရှိလာပြီး ရှော့တိုက်ဒုံးအပိုင်းအစတွေ လိုက်လံသိမ်းယူကာ မြို့အဝင်အထွက် ဂိတ်တွေ အားလုံးကို အင်အားတိုးမြှင့် ချထားလိုက်တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ရက်၊ မနေ့ကပဲ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံံရှိရာကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ရော့ကတ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါဟာ စစ်ရေးခြိမ်းခြောက်မှု ပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပြီး အသုံးပြုခဲ့တဲ့ ရော့ကတ်အရေအတွက်နဲ့ စစ်အုပ်စုထိခိုက်မှုစာရင်းကိုတော့ မောင်းဘက်က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“အဝေးကနေ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်က နီးကပ်တယ်၊ ရည်မှန်းချက်က တိကျတယ်၊ လုပ်ဆောင်ချက်က တည်ငြိမ်တယ်၊ အဲဒီ အခိုက်အတန့်ဟာ မိမိတို့ဖက်ရဲ့ စည်းကမ်း၊ သတ္တိနဲ့ တာဝန်ယူမှုတွေ ဘယ်လောက်ခိုင်မာလဲဆိုတာကို သက်သေပြနိုင်လိုက်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။” လို့လည်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စု စိုးမိုးထားတဲ့နေရာတွေနဲ့ အဓိက အားထားရာ နေရာတွေမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးခြိမ်းခြောက်တဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။

လက်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်တွေဟာလည်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့နေရာတွေ ဖြစ်ပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
0 Shares:
You May Also Like
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကြောင်းထိုးဖို့ကြိုးစားသည့် အနောက်ဘုန်းကန် ပျူရွာကို ၂ ရက်ဆက် ရော့ကတ်များ တိုက်ခိုက်မှု၊ စစ်အုပ်စု ၇ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

ကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်အုပ်စုရွာကို ၂ ရက်ဆက် ရှော့တိုက်ဒုံးပစ်ခတ်ရာ စစ်သားနဲ့ ပျူစောထီး ၇ ယောက် သေကာ ထိခိုက်ဒဏ်ရာရသူ ၈ ယောက် ရှိခဲ့တယ်လို့ Cobra One တပ်ဖွဲ့ တာဝန်ခံ မြွေဟောက်က မောင်းကိုပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို လေဆိပ်မှာ သွားကြိုခဲ့တဲ့ တပ်ထောက်ခံသူ ရန်အောင်ရဲ့နေအိမ် ပြင်းအားပျော့မိုင်းနဲ့ ဖောက်ခွဲသတိပေးခံရ

တရုတ်ကနေ ပြန်လာတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်အထိ သွားကြိုခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်သူ သရုပ်ဆောင် ရန်အောင်ရဲ့ ရန်ကင်းက နေအိမ်ကို ပြင်းအားပျော့မိုင်းနဲ့ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow က ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့ကို စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်

ကရင်နီပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဒီးမော့ဆိုမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်တွေ ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။