အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။

စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ MRTV ၊ MITV နဲ့ Myanmar Radio လိုင်း ၁၄ ခုကို Twitch ၊ Facebook ၊ YouTube နဲ့ MediaFire တို့ကနေ ဖြုတ်ချလိုက်တာ ဖြစ်ပါတယ်။

ဒီနေ့ ထုတ်ပြန်တဲ့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်အရ Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch ကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ MRTV နဲ့ ရေဒီယိုလိုင်း ၁၄ ခုကို ဝဘ်ဆိုဒ်၊ Google၊ Apple App stores ရှိ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့တာဖြစ်သလို MITV ဝဘ်ဆိုဒ်နဲ့ တွဲထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

အလားတူ Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး YouTube ကလည်း စစ်တပ် ပြန်ကြားရေး ဝန်ကြီးဌာန အကောင့်တစ်ခုကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ YouTube ကတော့ MITV အကောင့်ကို ဖယ်ရှားဖို့အတွက် လက်ရှိအချိန်ထိ ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်က Facebook အကောင့်တွေမှာ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDF ဖိုင်တွေကို သိမ်းဆည်းထားသိုဖို့ အသုံးပြုတဲ့ MediaFire ဝဘ်ဆိုဒ်ကနေလည်း ရတနာပုံသတင်းစာ အကောင့်တွေကို ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

“စစ်တပ်၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ ပြည်သူများထံ ဝါဒမှိုင်းများဖြန့်ဝေသည့် စစ်အုပ်စု၏ စွမ်းရည်အား ဟန့်တားနိုင်ရန်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်” လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ဝန်ဆောင်မှုပေးနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နည်းပညာ ကုမ္ပဏီတွေဆီ Justice For Myanmar က စာရေးသားပေးပို့ မေးခွန်းထုတ်ခဲ့သလို အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုမှာ အခုလို စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်အကောင့်တွေကို ပိတ်သိမ်းဖြုတ်ချလိုက်တာလို့ ဆိုပါတယ်။

Justice For Myanmar က တိုင်ကြားခဲ့တဲ့ စစ်အုပ်စုအကောင့်တွေကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေက ကိုင်တွယ်စီမံနေတာဖြစ်ပြီး အဲဒီအကောင့်တွေကို ပိတ်သိမ်းဖြုတ်ချဖို့ Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တွေဆီကို စာရေးသား ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ။ အဆိုပါ ကုမ္ပဏီတွေအနေနဲ့ အရေးယူမှုတွေကို အခုကပဲ စတင်လုပ်ဆောင်ဖို့နဲ့ မြန်မာစစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေကို ဖျက်သိမ်းပစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းက လူ့အခွင့်အရေးကို မြှင့်တင်ထိန်းသိမ်းပြီး သုံးစွဲသူတွေကို ကာကွယ်ရာရောက်မှာဖြစ်သလို၊ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကို အပြည့်အဝ လိုက်နာရာရောက်မှာလည်း ဖြစ်ပါတယ်” လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုပါတယ်။

0 Shares:
You May Also Like
Read More

သုညမှ စခဲ့သည့် တော်လှန်ရေး ပြည်သူများ၏ ကြံ့ကြံ့ခံနိုင်မှုကြောင့် အောင်မြင်နေ၊ တော်လှန်ရေးတပ်များ နယ်မြေ ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော

Asia Society က မတ်လ ၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ Myanmar/Burma 2025: Challenges and Opportunities ဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဌ ကိုယ်တိုင်တက်ရောက်ပြီး FATF ရဲ့ Black List ပယ်ဖျက်ပေးဖို့ တောင်းဆိုပေမယ့် မအောင်မြင်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်

ရာထူး ရပ်ဆိုင်းခံခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်က မိခင်ပါတီဖြစ်တဲ့ ဖွေထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်ပြီဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေမှာ ဒီနေ့ သတင်း ဖော်ပြထားပါတယ်။
Read More

သန္တာကျောက်တန်းများ ဝင်တိုက်ခဲ့သည့် မြန်မာစက်လှေကို ထိုင်းဘက်မှ ဘတ် ၁၂ သန်း လျော်ကြေးတောင်း

ထိုင်းနိုင်ငံ၊ ဆူရင်ကျွန်း အမျိုးသားဥယျာဉ်က သန္တာကျောက်တန်းတွေကို ဝင်တိုက်ခဲ့တဲ့ မြန်မာကုန်တင်စက်လှေ ပိုင်ရှင်ကို ထိုင်းဘက်က နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂ သန်း တောင်းခံထားကြောင်း Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲအတုကို ကိုရီးယား နိုင်ငံရေးပါတီ ၆ ခု ပြင်းထန်စွာ ကန့်ကွက်၊ အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ကိုရီးယားနိုင်ငံ အာဏာရပါတီ အပါအဝင် နိုင်ငံရေးပါတီ ၆ ခုနဲ့ အတိုက်အခံအမတ်တွေဟာ မကြာခင်ကျင်းပမယ့် မြန်မာအကြမ်းဖက် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း မနေ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။