တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် ခလရ ၂၆၇ ကနေ လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတဲ့ စစ်မှုထမ်းတပ်သား၂ယောက်ကို ဆုကြေးငွေပေးအပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ရက်နေ့က ထားဝယ်မြို့အခြေစိုက် ၂၆၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းအပတ်စဥ် (၁၆) ဆင်း ပြည့်ဖြိုးမောင်နဲ့ ပြည့်လင်းအောင်တို့ဟာ သေနတ်ကိုယ်စီနဲ့ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) ထံ အလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေနဲ့အတူ MA 1 သေနတ် ၂လက်နဲ့ ကျည်ဘောက် ၂ခု၊ 5.56 ကျည်အတောင့် ၅၀ ပါဝင်ခဲ့ပြီး ၂ယောက်လုံးကို ဆုကြေးငွေ သိန်း ၃၀ ကျပ်စီ ပေးအပ်ကာ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်ဟာ တော်လှန်ရေး အရှိန်မြှင့်နေချိန် ဖြစ်တာကြောင့် ပြည်သူ့ဘက် ခိုလှုံလိုတဲ့ ရဲ၊ စစ်သားနဲ့ ပြည်သူ့စစ်တွေ အမြန်ဆုံးခိုလှုံကြဖို့လည်း လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကလည်း တနင်္သာရီ၊ အောက်ကင်း အခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်မှုထမ်းတပ်သားတွေနဲ့ တပ်ကြပ်အပါ စစ်သား ၃ ယောက် တနင်္သာရီတိုင်း စစ်ဌာနထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ အခုလို စစ်မှုထမ်းတပ်သားတွေ တော်လှန်ရေးဘက် ထွက်ပြေးခိုလှုံမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေကို တိုးမြှင့်တာ၊ ခြိမ်းခြောက်ဝါဒဖြန့်တာအပြင် ကျန်းမာရေး မကောင်းသူတွေနဲ့ ငွေကြေးတတ်နိုင်သူတွေကို သင်တန်းပြီးဆုံးတယ်ဆိုပြီး ဟန်ပြသင်တန်းဆင်းခိုင်းတာတွေလည်း ရှိနေကြောင်း CDM စစ်ဘက်အရာရှိက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ကမ္ဘာကလေးများနေ့ အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲ အကြိုဆုရ ကျောင်းသူ၊ ကျောင်းသားတွေကို သပိတ်ကော်မတီက ဆုချီးမြှင့်

စစ်ကိုင်းတိုင်းအတွင်း နိုဝင်ဘာ ၂၀ ရက် ဒီနေ့မှာ ကျရောက်တဲ့ ကမ္ဘာကလေးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊လူငယ် နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာန၊ တာဝန်ခံ နဲ့ တိုက်နယ် (၃) ပညာရေး တာဝန်ခံတို့ကြီးမှူးကျင်းပတဲ့ စွမ်းရည်ပြိုင်ပွဲ အကြိုပြုလုပ်ရာ ဆုရတဲ့ ကျောင်းသားကျောင်းသူတွေကို မုံရွာ-အမြင့်လမ်း သပိတ် ဦး‌ဆောင်ကော်မတီက သွားရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ ပျူခေါင်းဆောင်တစ်ဖြစ်လဲ အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရချိန် သေနတ်လုလို့ ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္ထရာမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ဖို့ လုံးပန်းနေတဲ့ နန်ကြူရွာ၊ အုပ်ချုပ်ရေးမှူးဆိုသူကို ဖမ်းဆီးလာရင်း သေနတ်လုဖို့ကြိုးစားတာကြော င့်နေရာတင်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။ အောက်တိုဘာ ၁ရက်၊ ညပိုင်းက စေတုတ္ထရာမြို့နယ်၊…
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မပါလျှင် မြန်မာ့နိုင်ငံရေးပြဿနာ မပြေလည်နိုင်ဟု NLD ထပ်မံထုတ်ပြန်…

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ မြန်မာ့နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့ NLD ပါတီက ထုတ်ပြန်ပါတယ်။