စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၇ရက် မနေ့ည ၈နာရီခွဲလောက်မှာ မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ ဆည်တောရွာထဲကို ပေါင် ၂၅၀ ခန့် ဗုံးသီး ၂လုံး ကြဲချခဲ့တာကြောင့် ဦးညွန့်ဝေ (၇၀ နှစ်)၊ ဇနီး ဒေါ်မြင့်ကြည် (၇၀ နှစ်)၊ တူဖြစ်သူ မောင်ဇေယျာထွန်း (၂၅ နှစ်) နဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၅ ယောက် ရှိပြီး နေအိမ် ၃ လုံး၊ ကား ၁စီး မီးလောင်ပျက်စီးကာ နွား ၃ကောင်လည်း သေဆုံးခဲ့ပါတယ်။

“ဒဏ်ရာရသူတွေက ၅ ယောက်လောက်တော့ ရှိတယ်။ ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်။ ရွာသားတွေက မနေ့ညက နည်းနည်း တိမ်းရှောင်တာတွေတော့ ရှိတယ်။ အခုကတော့ ပုံမှန်ပါပဲ။ ဖိုက်တာသတင်းကတော့ နားစွင့်နေရတယ်” လို့ Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၁၈ ရက် ဒီမနက်မှာပဲ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သစ်ဆိပ်ရွာထဲကို ကျောက်မြောင်း ခမရ (၁၂) ကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၂စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဟန်း ၁ ပါးနဲ့ ကလေး၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၃ ရက်နေ့တုန်းကလည်း ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၀ ယောက်ခန့် ဒဏ်ရာရခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြောင်းမြထောင်တွင် အာဏာပိုင်များ ငွေကြေးတောင်းခံခြင်းနှင့် အကြမ်းဖက် ရိုက်နှက်မှုများ လုပ်ဆောင်နေ

ဧရာဝတီတိုင်း၊ မြောင်းမြအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို အိပ်ဆောင်အတွင်း အကြောင်းပြချက်မရှိ ငွေကြေးတောင်းယူကာ အခန်းလူကြီးတွေကို ခွဲခြမ်းပေးခြင်းဖြင့် အနိုင်ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
Read More

ဘောပွဲအပြီး ပရိတ်သတ်ကိုပြန်ဆဲခဲ့တဲ့ မြန်မာအသင်းခေါင်းဆောင် မောင်​မောင်လွင်ကို ပရိတ်သတ်တွေ ဝေဖန်နေကြ

မနေ့က ကစားခဲ့တဲ့ အာဆီယံမစ်ဆူဘီရှီဖလား အုပ်စုအဖွင့်ပွဲစဥ်အပြီး ပရိတ်သတ်တွေကို ရိုင်းပြတဲ့အမူအရာနဲ့ ဆဲရေးတိုင်းထွာခဲ့တဲ့ မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်ရဲ့ လုပ်ရပ်အပေါ် ပရိတ်သတ်တွေက အပြင်းအထန် ဝေဖန်နေကြတယ်လို့ သိရပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

Special Operation Group – SOG တပ်ရင်း သင်တန်းဆင်းပွဲနှင့် SOG တပ်ရင်း တည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ P29916 - Special Operation Group (SOG) တပ်ရင်းက သင်တန်းဆင်းပွဲနဲ့ တပ်ရင်းတည်ထောင်ခြင်း (၂)နှစ်ပြည့်အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချစခန်းမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။