ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်လို့ အာဏာသိမ်းစစ်တပ်က သက်သေတစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်ခဲ့ပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဘာမှယုံကြည်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

“စစ်အစိုးရက မေမေဟာ ‘ကျန်းမာရေးကောင်းမွန်ပါတယ်’ လို့ အတင်းအကြပ်ယုံခိုင်းနေပေမဲ့ သက်သေအထောက်အထားမရှိတဲ့ ပြောဆိုချက်တွေဟာ နှစ်ပေါင်းများစွာ ဝါဒဖြန့်ချိရေးနဲ့ လျှို့ဝှက်ဖုံးကွယ်ပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ဘာမှယုံကြည်စရာ မရှိပါဘူး။ မိသက်သေအထောက်အထားမရှိတဲ့ အကြောင်းပြချက်များကို ယုံကြည်ရန် မဖြစ်နိုင်ပါ” လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မတရား ဥပဒေပုဒ်မတွေတပ်ပြီး ဖမ်းဆီးခံရကာ အကြမ်းဖက်စစ်တပ်လက်ထဲ ရောက်ရှိနေတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွယ်လွန်နှင့်ပြီး ဖြစ်နိုင်တယ်လို့ ကိုထိန်လင်းက ဒီရက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာတွေကို ထုတ်ပြောလာခဲ့တာပါ။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်



စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို သားဖြစ်သူနဲ့ ရှေ့နေအဖွဲ့တွေ အပါအဝင် ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အချိန်ကြာမြင့်လာချိန်မှာ ကိုထိန်လင်းက အခုလို ထုတ်ပြောလာခဲ့တာပါ။ အဲ့လိုပြောဆိုမှုတွေ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး သက်သေ တစုံတရာ ပြသခြင်းမရှိဘဲ ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

“Shakespeare ရဲ့ Hamlet မှာ ပြောထားသလို — ‘အလွန်အကျွံ ကာကွယ်ပြောဆိုနေသူက ပိုပြီး သံသယဖြစ်စရာ ကောင်းပါတယ်။’ စစ်တပ်က တကယ်ယုံကြည်စေချင်ရင် အဖြေက ရိုးရှင်းပါတယ်၊ သက်သေပြပါ၊ မေမေနဲ့ တွေ့ခွင့်ပေးပါ၊ လက်ခံယုံကြည်နိုင်သူနဲ့ အတည်ပြုချက်ပေးပါ၊ အမှန်တရားကို မြင်သာအောင်ပြပါ” လို့ ကိုထိန်လင်းက ပြောဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ရေးဘီလူးတိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးဟောင်းနဲ့ အုပ်ကြီးအပါအဝင် ၆ယောက်နီးပါး ဆေးရုံရောက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးတော်လှန်ရေးတပ်ဖွဲ့က မနေ့က နိုဝင်ဘာ ၂၃ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
Read More

ဒေါနစစ်ကြောင်း၏ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၈) ကြိမ်‌မြောက် အာဇာနည်နေ့အခမ်းအနားကို အရင် NLD အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ် မန်းဂျော်နီ တက်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

မုံရွာ နမခကိုလာတဲ့ စစ်တပ်ယာဥ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၅ ယောက် အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အနောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို လာတဲ့ စစ်တပ်ယာဥ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၂ ယောက် သေကာ ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Brave Heart Army - BHA အဖွဲ့ က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။
Read More

MSRF ၏ အပတ်စဉ် (၃) – ညီနောင်တပ်ဖွဲ့၏ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးဆောင်ရွက်တဲ့ အပတ်စဉ် (၃) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃၀) ရက်နေ့က MSRF တပ်ရင်းဌာနမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ပွင့်ဖြူမှာ စစ်တပ်က ရွာစဥ်လှည့်ပြီး ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေ၊ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါသလို ပြန်ရွေးသူတွေအဖို့ ငွေသိန်းရာချီ စျေးပေါက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ လူအယောက် ၅၀နီးပါး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။