လက်ရှိ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကို အလေးထား ပူးပေါင်းဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးအခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြားမတည်ဆောက်နိုင်ပေမယ့် တရားရေးဝန်ကြီးဌာန ဖွဲ့စည်းထားပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေတာမို့ လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းကူညီပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေးရဲ့ အခြေအနေအရ တရားစီရင်ရေးမဏ္ဍိုင်ကို သီးခြား မတည်ဆောက်နိုင်ခဲ့သော်လည်း တရားရေးဝန်ကြီးဌာနကိုဖွဲ့စည်းပြီး မြေပြင်တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ တော်လှန်ရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စရပ်တွေကိုလည်း အလေးထား ပူးပေါင်းကူညီပေးကြဖို့လည်း လေးစားစွာ တိုက်တွန်းလိုပါတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဒီမိုကရေစီ စံချိန်စံနှုန်းတွေ၊ မူနဲ့အုပ်ချုပ်တဲ့စနစ်တွေဖြစ်ဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ ပြောခဲ့ပါတယ်။

လက်ရှိ တော်လှန်ရေးအရှိန်အမြင့်ဆုံးကာလမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူနဲ့ထိတွေ့တာ၊ ပြည်သူ့အသံ နားထောင်တာ၊ ပြည်သူ့ဆန္ဒကို ပိုသိအောင်ကြိုးစားတာတွေလုပ်ဖို့၊ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုးတွေ မလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ တော်လှန်ရေး လျင်မြန်စွာ အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောကြားလိုပါတယ် ” လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မတရားဖိနှိပ်မှုအောက်မှာ လူ့အခွင့်အရေးတွေ ဆုံးရှုံးပြီး အခက်အခဲတွေကြား ရှင်သန်နေရတဲ့ ပြည်သူတွေအတွက် လုပ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ရင်း စစ်အုပ်စုကို အမြစ်ဖြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အထက်မင်းလှ ပကဖရဲ့ အခြေခံစစ်ပညာ အပတ်စဥ် ၅ သင်တန်းမှာ စစ်မှုထမ်းရှောင်လူငယ်တွေ ပိုမိုပါဝင်လာ

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အခြေစိုက် အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အပတ်စဥ် ၅ စစ်သင်တန်းမှာ မင်းလှမြို့နယ်အပါအဝင် ထိစပ်နေတဲ့မြို့နယ်တွေက လူငယ်တွေ ပိုမိုပါဝင်လာတယ်လို့ အဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင်က မောင်းကိုပြောပါတယ်။
Read More

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ က တပ်ရင်းရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် အမှတ် ၃၀ တပ်ရင်း (အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA) က တပ်ရင်းက တပ်ခွဲတွေရှိ ရဲဘော်တွေကို အောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးတွေကို ချီးကျူးဂုဏ်ပြုမှုနဲ့အတူ သီတင်းကျွတ်မုန့်ဖိုး ပေးအပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ အခြေခံစစ်သင်တန်းတက်ရောက်ရန် သင်တန်းသားသစ်များ ခေါ်ယူနေ

ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (MRO/CDF-MATUPI) က ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မယ့် အခြေခံ စစ်ပညာသင်တန်း (အပတ်စဉ်-၂/၂၀၂၅) အတွက် သင်တန်းသားသစ်တွေ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။