ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဆင်တလင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကို သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ဒုရဲအုပ်အပါ ၁၈ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ပကဖ ရွှေတန်းမြေတပ်ဖွဲ့ တာဝန်ခံက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ ဆင်တလင်းရွာထဲ ဒုရဲအုပ် ရဲလွင် ဦးဆောင်ကာ အင်အား ၃၀ ဝန်းကျင်နဲ့ တပ်စွဲထားတဲ့ စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ဒုရဲအုပ် ရဲလွင်၊ တပ်ကြပ်ကြီး တစ်ယောက်နဲ့ ဒုတပ်ကြပ် ၂ ယောက် အပါအဝင် ၁၈ ယောက် သေဆုံးပြီး ၅‌ယောက် ဒဏ်ရာရကာ ကျန်တဲ့ စစ်ကော်မရှင်တပ်သားတွေက ကွမ်းခြုံကုန်းဂိတ်စခန်းကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

“ရွာထဲမှာ တပ်စွဲတာကတော့ တစ်လလောက်ရှိမယ်၊ အရင်ကလည်း စွဲဖူးတယ်၊ ပြန်ထွက်လိုက်ပြန်ဝင်လိုက်နေနေကြတာ ၊ စခတွေသေဆုံးမှူကိုတော့ တိုက်ပွဲအတွင် မြင်တွေ့ခဲ့တာတွေရှိသလို လာရောက် အလောင်းကောက်သွားကြတာကို မြင်တဲ့ပြည်သူတွေဆီကလည်း ပြန်လည်သိရပါတယ်” လို့ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကို ပြောပါတယ် ။

ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်သားတွေ စစ်ကူလာနိုင်တဲ့ ထန်းပင်ချောင်း အထိုင်စခန်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားပါ သေးတယ်။

အဲဒီနောက် ညနေ ၃ နာရီလောက်မှာလည်း စစ်ကော်မရှင်တပ်သားတွေက အင်အား ၈၀ ဝန်းကျင်နဲ့‌ ထပ်မံစစ်ကြောင်းထိုးလာချိန် တောင်တန်းမြိုင်ကျေးရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ အပြန်အလှန်ထိတွေ့ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ ၁ ယောက် သေဆုံးကာ ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

” စခတွေဘက်ကအင်အားဖြည်စစ်ကြောင်းထိုးလာခြင်းကြောက်ထို့နေညနေပိုင်မှထပ်မံထိတွေဖြစ်တာပါ ၊လက်ရှိဆင်တလင်းရွာမှာတော့ပြည်သူတွေပါရှောင်နေကြပြီးစခရခတွေကတော့ဝင်ထွက်သွားလာမှူအချိုရှိနေတယ်လို့သိရပါတယ်” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ် ။

တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ယောက်ထိမှန်ဒဏ်ရာ ရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေဆီကနေ MA – 1 သေနတ် (၄) လက် ၊ MA – 3) ၆ လက် ၊ G3 (၁) လက် ၊ ခြောက်လုံးပြူး (၁) လက် ၊ Helmet (၇) လုံး ၊ Equipment (၃ ) ခု နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)ကွပ်ကဲမှုနဲ့အတူ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ၊ သာယာဝတီခရိုင်တပ်ရင်း -၂ (၃၈၀၂) ရဲ့ တပ်ခွဲ – ၂ ၊တပ်ခွဲ -၃ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ လက်ပံတန်းမြို့နယ်(ပကဖ)အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ သာယာဝတီခရိုင်ပကဖ ရွှေတန်းမြေ တိုက်ခိုက်ရေးတပ်ဖွဲ့ (၁၊၂) ၊ ရန်ကုန်တိုင်းပကဖ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – ၃ ၊ သာယာဝတီဂဠုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF) ရဲ့ တပ်ရင်း – ၃ စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ILO အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအရေးယူပေးဖို့ တော်လှန်ညီနောင် ၄ ဖွဲ့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီကို  ILO အဖွဲ့ဝင်နိုင်ငံတွေ အရေးယူပေးဖို့ ရန်ကုန်မြို့အခြေစိုက် တော်လှန်ညီနောင် ၄ ဖွဲ့က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
Read More

မိုးကုတ်မှာ ပကဖ က ပြည်သူတွေဆီ စစ်သတင်းလွှာ ဖြန့်ဝေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေဆီကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီစဉ်ပံ့ပိုးမှုနဲ့ စစ်သတင်းလွှာတွေ  ဖြန့်ဝေနေတယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

လူထုခေါင်းဆောင်ရဲ့ သားဖြစ်သူ ကိုထိန်လင်း နဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းနဲ့ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းတို့ လန်ဒန်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
Read More

သာယာဝတီထောင်တွင် ပခုံးအဆစ်ပြုတ်သည်အထိ ရိုက်နှက်ခံထားရသည့် နိုင်ငံရေးအကျဥ်းသား ကိုအောင်သူထက် ဆက်လက်တိုက်ပိတ်ခံထားရ၊ ရိုက်နှက်ခဲ့သည့်ဝန်ထမ်းကိုလည်း အရေးမယူမှု မရှိ…

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား​ ၁ ယောက်ကို ရန်ဖြစ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့ အကျဥ်းဝန်ထမ်းဆိုသူကို အရေးယူမှု မရှိဘဲ ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဥ်းသားကိုသာ တိုက်ပိတ်အရေးယူထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow တပ်ဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံရ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။