အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ မြန်မာပြည်သူတွေရဲ့ အားထုတ်မှုကို ထောက်ခံပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ ရက်မှာ ပြုလုပ်ခဲ့တဲ့ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး ရလဒ်တွေအပေါ် အကောင်အထည်ဖော်မှုကို ဘက်စုံပြန်လည်သုံးသပ်တဲ့ ကုလအဆင့်မြင့်အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလို ပြောဆိုခဲ့တာပါ။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေအပေါ် စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်နေပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းဖို့ (Personal Scrutinization and Monitoring System) PSMS အသုံးပြုကာ အခြေခံအခွင့်အရေးအားလုံးကို ဆက်လက်ချိုးဖောက်နေတာဟာ သတင်းအချက်အလက် လူ့အဖွဲ့အစည်းဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး (WSIS) ရဲ့ ရလဒ်မျှော်မှန်းချက်ကို လက်လှမ်းမမှီတဲ့ အခြေအနေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

“ဝမ်းနည်းစရာကောင်းသည်မှာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ် အုပ်စုက နိုင်ငံသားအားလုံး၏ အခြေခံအခွင့်အရေး အားလုံးကို ဆက်လက်ချိုးဖောက်နေခြင်းကြောင့် ဤမျှော် မှန်းချက်သည် လက်လှမ်းမမီနိုင်သည့်အခြေအနေသို့ ရောက်ရှိသွားပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။


ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် အင်တာနက် ဖြတ်တောက်တာ၊ VPN ကန့်သတ်တာနဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တွေ၊ လူမှုကွန်ရက်တွေ ပိတ်ပင်တာတွေ လုပ်နေပြီး နိုင်ငံသားအားလုံးရဲ့ သတင်းအချက်အလက် ရယူခွင့်ကို ချိုးဖောက်နေတာဟာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုဒ် ၁၉ နဲ့ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) အပိုဒ် ၁၇ တို့ရဲ့ ပေးထားချက်တွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဤသို့သော အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲသည် လွတ် လပ်မှုလည်း မရှိနိုင်သကဲ့သို့ တရားမျှတမှုလည်း ရှိမည်မဟုတ်၊ အဆိုပါ အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံ တဝှမ်း အကြမ်းဖက်မှုကို ပိုမိုဆိုးရွားကျယ်ပြန့်စေမည်သာဖြစ်သည်” လို့ ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ဖိနှိပ်တဲ့အပြင် သတင်းအချက်အလက် အမှားတွေနဲ့ လိမ်ညာဝါဒဖြန့်တာတွေ လုပ်ဆောင်နေပြီး အဲ့လိုလုပ်ဆောင်ရာမှာ စစ်တပ်က ထိန်းချုပ်ထားတဲ့ မီဒီယာအမျိုးမျိုး၊ Telegram အဖွဲ့တွေ၊ Influencer တွေ၊ စစ်တပ်လက်ဝေခံ စစ်အုပ်စု အလိုတော်ရိ သံတမန်တွေနဲ့ ရုံးတွေ ပါဝင်တယ်လို့ ပြောပါတယ်။



“အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို လုံးဝပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပေးရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်းအား တိုက်တွန်းပါသည်” လို့ ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က PSMS ကို အသက်သွင်းပြီး ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားနေပြီး အမြဲတစေ ကြောက်ရွံ့ထိတ်လန့်မှုအောက်မှာ နေထိုင်နေရတယ်လို့လည်း ကုလအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်၏ ကာလရှည်အကျပ်အတည်းကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းများ ပိုဆိုးလာကြောင်း ထိုင်း ပြော

မြန်မာနိုင်ငံမှာ မတည်မငြိမ်ဆက်ဖြစ်နေမယ်ဆိုရင် နိုင်ငံဖြတ်ကျော်မှုခင်းတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ထိုင်းအရာရှိတစ်ယောက်က ပြောဆိုကြောင်း Free Malaysia Today သတင်းက မေလ ၂၆ ရက်မှာ ပြောပါတယ်။ 
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

(၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံမှ စစ်ကောင်စီကို ILO ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့မှုကို ကြိုဆိုကြောင်း CRPH ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပပြုလုပ်နေတဲ့ (၁၁၃) ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံရဲ့ ဇွန်လ ၅ ရက် စုံညီအစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ပုဒ်မ (၃၃) အရ ဒဏ်ခတ်အရေးယူပိတ်ဆို့ဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့တွင် ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့် မွေးနေ့အကြိုဆုတောင်းပွဲနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲ ပြုလုပ် (ဓာတ်ပုံသတင်း)

တောင်ကိုရီးယားနိုင်ငံ၊ ဂင်မဲမြို့၊ ဂင်မဲတာမီနယ်ရှေ့မှာ လာမယ့် ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့အကြိုဆုတောင်းပွဲနဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရှုတ်ချပွဲကို ပြုလုပ်ခဲ့တယ်လို့ ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

တန်ဖိုးကြီး နာရီတွေ၊ အိတ်တွေအပါအဝင် ဒေါ်လာ သန်း ၄၀၀ ကျော်ကို ပိုင်ဆိုင်ကြောင်း ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းဝန်ကြီးချုပ် ပတွန်တန်ရှင်နာဝပ်က သူမရဲ့ ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ကျော်ရှိကြောင်း သောကြာနေ့က ကြေညာခဲ့တယ်လို့ သူမရဲ့ပါတီကပြောပါတယ်။