မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်မှာ စစ်အုပ်စုအထိုင်ချရာ ခြေလျင်တပ်ရင်းနဲ့ ကပစ စက်ရုံတွေကို တော်လှန်ရေးတပ်တွေက ရော့ကတ်နဲ့ ရှော့တိုက်ဒုံးတွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာလ ၁၇ရက် မနေ့မနက်အစောပိုင်းက ဂန့်ဂေါမြို့အခြေစိုက် အမှတ် (၅၀) ခြေလျင်တပ်ရင်းရှိရာကို ဦးတည်ပြီး Unity Rocket Organization အဖွဲ့က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လက်လုပ်ရှော့တိုက်ဒုံး ၁၃လုံးအထိ ရည်ရွယ်အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း Unity Rocket Organization အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“ထုတာတော့ စုစုပေါင်း ၁၃ လုံးပါ။ လေပေါ်ကွဲတာက ၄ လုံး၊ ကျရောက်ပေါက်ကွဲတာက ၄ လုံးနဲ့ ထပ်မပစ်တာက ၅လုံးပါ။ အဓိကကတော့ သူတို့ရွေးကောက်ပွဲကို ပြည်သူတွေ လက်မခံဘူးဆိုတာ သိစေချင်လို့ပါ။” လို့ Unity Rocket Organization အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ရေပုတ်ရပ်ကွက်၊ သစ်ထုတ်လုပ်ရေးနေရာနဲ့ ခရိုင် လဝက ရုံးနားတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး မနက်အစောပိုင်းဖြစ်တာကြောင့် အရပ်သားတွေ မရှိတဲ့အချိန် ဖြစ်တယ်လို့လည်း ယောအလင်းတန်းအဖွဲ့က ပြောပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ

အဲ့ဒီဖြစ်စဥ်အပြီး စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက အခင်းနေရာကို ရောက်ရှိလာပြီး ရှော့တိုက်ဒုံးအပိုင်းအစတွေ လိုက်လံသိမ်းယူကာ မြို့အဝင်အထွက် ဂိတ်တွေ အားလုံးကို အင်အားတိုးမြှင့် ချထားလိုက်တယ်လို့လည်း သိရပါတယ်။

အလားတူ ဒီဇင်ဘာလ ၁၇ရက်၊ မနေ့ကပဲ ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံံရှိရာကို ပခုက္ကူခရိုင် အမှတ် (၆) တပ်ရင်းက ရော့ကတ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါဟာ စစ်ရေးခြိမ်းခြောက်မှု ပေးတဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပြီး အသုံးပြုခဲ့တဲ့ ရော့ကတ်အရေအတွက်နဲ့ စစ်အုပ်စုထိခိုက်မှုစာရင်းကိုတော့ မောင်းဘက်က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“အဝေးကနေ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်က နီးကပ်တယ်၊ ရည်မှန်းချက်က တိကျတယ်၊ လုပ်ဆောင်ချက်က တည်ငြိမ်တယ်၊ အဲဒီ အခိုက်အတန့်ဟာ မိမိတို့ဖက်ရဲ့ စည်းကမ်း၊ သတ္တိနဲ့ တာဝန်ယူမှုတွေ ဘယ်လောက်ခိုင်မာလဲဆိုတာကို သက်သေပြနိုင်လိုက်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။” လို့လည်း ပခုက္ကူခရိုင်အမှတ် (၆) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စု စိုးမိုးထားတဲ့နေရာတွေနဲ့ အဓိက အားထားရာ နေရာတွေမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးခြိမ်းခြောက်တဲ့အနေနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်ဆောင်လာတာပါ။

လက်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်နဲ့ ပေါက်မြို့နယ်တွေဟာလည်း စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲလုပ်ဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့နေရာတွေ ဖြစ်ပါတယ်။

ဂန့်ဂေါခလရ ၅၀ တပ်ရင်းအား ပစ်ခတ်တိုက်ခိုက်နေသည့် Unity Rocket Organization အဖွဲ့၏ ပုံရိပ်များ
0 Shares:
You May Also Like
Read More

စေတုတ္တရာတွင် ပြည်သူ့စစ်ဖွဲ့သည့် စစ်တပ်ဒေါက်တိုင်များအား ပကဖ ရှင်းလင်းနေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ကမြို့နဲ့ အနီးဆုံး ကျေးရွာတွေမှာ စစ်ကောင်စီအလိုကျ ပြည်သူ့စစ် ဖွဲ့စည်းပေးနေသူတွေနဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေကို မြို့နယ်ပကဖက  လိုက်လံ သုတ်သင် ရှင်းလင်းနေတာကြောင့် စစ်တပ်ယန္တရားအောက်ကနေ အမြန်ဆုံးထွက်ခွာကြဖို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

မှော်ဘီတွင် စစ်ကောင်စီ လေတပ်အသိုင်းအဝိုင်းပိုင်သည့် ဆိုင်ခန်းများ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီ လေတပ်နှင့် ပတ်သက်သူများကို တိုက်ခိုက်မည်ဟု Yangon Army အသိပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ အကြမ်းဖက်လေတပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေရဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ထားဝယ်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို တိုက်ခိုက်၊ စစ်သား ၅ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။  
Read More

အုတ်ဖိုတွင် ​​စစ်​ကောင်စီ စစ်ကြောင်းထိုးကာ စီမံချက်ဖြင့် ပေါ်တာဆွဲနေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ဖို့ ပြင်ဆင်နေပြီး ကျေးရွာတွေမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
Read More

မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ စစ်တပ်ထဲမှာ အမျိုးသားရေးအစွန်းရောက်တွေနဲ့ စစ်တပ်နဲ့နီးစပ်သူတွေကို စစ်သင်တန်းပို့ချနေ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ ၂၇၅ တပ်ရင်းထဲမှာ အရပ်သား ၅၀ ကျော်ကို စစ်သင်တန်း ပို့ချပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

အမျိုးသမီးတစ်ယောက်ကို ပစ်သတ်ခဲ့တဲ့ PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာက အမျိုးသမီးတစ်ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့တယ်လို့ အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ​ပေါ်​ပေါက်ခဲ့တာကြောင့် ကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။