အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပြီး စတင်ခဲ့ချိန်ကအတိုင်း စစ်အုပ်စုကို ဘုံရန်သူအဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်တာ စစ်ရေးအတွေ့အကြုံတွေထဲ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်ရေးအတွေ့အကြုံတွေကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ အခု ၄ နှစ်တာကာလရှိလာပြီးတဲ့တိုင် ကျနော်တို့ရဲ့ ရှုမြင်ပုံဟာ အရင်ကနဲ့ မကွာခြားသွားပါဘူး။ စစ်တပ်ကို ဘုံရန်သူအဖြစ် ရန်ငါ ပြတ်ပြတ်နဲ့ ဆက်လက်တိုက်ခိုက်နေကြပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းတောင်ဘက်ခြမ်းမှာ အဓိကလှုပ်ရှားတဲ့ PIO/PIA အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာ နယ်မြေအခြေအနေတွေနဲ့ စစ်အုပ်စု ဖိအားတွေကြောင့် သတင်းထုတ်ပြန်တာမျိုးတွေမှာ အားနည်းခဲ့ပြီး ဒီအချက်တွေကြောင့်ပဲ ခဲယမ်းအပါအဝင် တပ်လိုအပ်ချက်တွေ အချိန်မှီဖြည့်တင်းနိုင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိ မဟာမိတ်တွေနဲ့အတူတူ လှုပ်ရှားတိုက်ပွဲဝင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရန်သူ့ရဲ့ အသည်းနှလုံးနေရာတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေရှိရာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ဖြစ်ပါတယ်” လို့ PIO/PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/ PIA) ရဲ့ ၄နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ အပတ်စဥ်(၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၄ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

PIO/PIA ဟာ လက်ရှိ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ထားပြီး တပ်ပေါင်းစုအင်အားနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ဖို့ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်တော် စတင်တည်ထောင်ကတည်းက တပ်ပေါင်းစုနဲ့မှ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ယုံကြည်တဲ့အတွက်လည်း အခုတပ်ပေါင်းစုဖွဲ့တဲ့အခါမှာလည်း တက်တက်ကြွကြွပါဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကို တိုက်တဲ့အခါမှာ တစ်စုတစ်ဖွဲ့တည်းနဲ့ ဒီအချိန်မှာ ထိရောက်တဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မဟာမိတ်တပ်တွေ စုဖွဲ့ပြီးတော့ အဲ့ဒီ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ပြီး စုဖွဲ့ခဲ့ကြတာပါ” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၂) ဦး ခဲယမ်းအချို့နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား ၂ ယောက် အလင်းဝင်လာတယ်လို့ CDF Civic Defense Militia - Siyin က ထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမှာ မိုက်ခရိုဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးက စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံး…

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်းရှိ မိုက်ခရို ဝေ့တာဝါတိုင်နဲ့ စီမံကိန်းရုံးတို့က အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

တိုက်ပွဲရှောင်ပြည်သူများကို နေပြည်တော် PDF လူသားချင်းစာနာမှု အကူအညီများ ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ ပြည်သူ့လုံခြုံရေးဌာနက တိုက်ပွဲရှောင်ပြည်သူတွေဆီ သွားရောက်က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးပေးနေကြောင်း Nay Pyi Taw PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

ဆောင်းရာသီ ဝင်လာပြီဖြစ်တာကြောင့် ဂန့်ဂေါနယ်မှ စစ်ရှောင်များ အရေးပေါ် အကူအညီများ လိုအပ်နေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

ဇူလိုင်လအတွင်း မွန်ပြည်နယ်မှာ ပစ်ခတ်တိုက်ပွဲများဖြစ်ပွား၊ နှစ်ဖက်သေဆုံးမှုများရှိပြီး ပြည်သူများလည်း ထိခိုက်သေဆုံးခဲ့

မွန်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လဂွန်းအိမ်စာစဥ်က မွန်ဒေသ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန်ခဲ့ရာ ဇူလိုင်လမှာ သတ်ဖြတ်ခံရတဲ့ ပြည်သူ ၆ ယောက်၊ ဒဏ်ရာရသူ ၂ ယောက်နဲ့ ဖမ်းဆီးခံရသူ ၅ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။