မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂ လတာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ မြိုင်ပကဖတပ်ဖွဲ့ဝင်တွေသာမက ကမ္မတပ်ပေါင်းစုက သင်တန်းသားတွေ၊ ဒေါင်းရင်သွေး(မြစ်ခြေ) တပ်ဖွဲ့ သင်တန်းသားတွေ၊ Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းတွေ၊ လရောင်ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းသားတွေ၊ BURMA Federal Column-BFC သင်တန်းသားတွေပါ စုစည်းပြီး လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို မြိုင်ပကဖ တာဝန်ရှိသူတွေ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် ( Magway- PDF) တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ကန်နီရွာမှာ အကြမ်းဖက်စစ်သားတွေ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ဒရုန်းနဲ့ ဗုံးသီးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်း ရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၈ စခန်းကို တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ရတဲ့ နဂါးဖြူတပ်ရင်းရဲဘော် ၃ ယောက်အား အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တယ်လို့ White Dragon -P29904 မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆောမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် အရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း ဆောမြို့မရဲစခန်းကနေ အင်အား ၅၄ ယောက်နဲ့ လောင်းရှည်မြို့သို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လောင်းရှည်တိုက်နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် - ၃ တပ်ရင်းထံက သိရပါတယ်။
Read More

မင်းတပ်မြို့ ဆောက်လုပ်ရေးဝန်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဘယ်လိုတိုက်ခိုက်ခဲ့လဲ (ရုပ်/သံ)

ချင်းပြည်နယ် မင်းတပ်မြို့က ဆောက်လုပ်ရေးဝန်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို CDF-Mindat (သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာန) က ထုတ်ပြန်လိုက်ပါတယ်။