မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂ လတာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ မြိုင်ပကဖတပ်ဖွဲ့ဝင်တွေသာမက ကမ္မတပ်ပေါင်းစုက သင်တန်းသားတွေ၊ ဒေါင်းရင်သွေး(မြစ်ခြေ) တပ်ဖွဲ့ သင်တန်းသားတွေ၊ Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းတွေ၊ လရောင်ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းသားတွေ၊ BURMA Federal Column-BFC သင်တန်းသားတွေပါ စုစည်းပြီး လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို မြိုင်ပကဖ တာဝန်ရှိသူတွေ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် ( Magway- PDF) တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

ချင်းမိုင်မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲ လာရောက်အားပေးကြဖို့ ဒေါင်း ဖိတ်ခေါ် (ရုပ်/သံ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် စစ်ဘေးရှောင်ရန်ပုံငွေရုပ်ရှင်ပြပွဲကို တော်လှန်ပြည်သူတွေ လာရောက်အားပေးကြဖို့ တော်လှန်အနုပညာရှင် ဒေါင်းက ဖိတ်ခေါ်လိုက်ပါတယ်။
Read More

ဓာတ်ပုံရိုက်ရင်း အုပ်စုလိုက် သေသွားသည့် စစ်သားများ (ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ အောင်ပွဲခံနေတဲ့ အကြမ်းဖက်စစ်သားတွေ AA ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အများအပြားသေဆုံးခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံခရိုင် မြို့သာမြို့ရဲစခန်းအား တော်လှန်ရေးတပ်တွေက လက်နက်ကြီး လက် နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ - မြင်းခြံမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

စလင်းက ကျေးရွာများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရ (ရုပ်/သံ)

စလင်းမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား၁၀၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) က ပိတ်ဆို့ခုခံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။