ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်မှာ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက အဆိုပါ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူ သန်းဇော်ဟာ ကျေးရွာထဲက ကြက်ဝိုင်းကိုရောက်နေချိန် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး‌ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့ကိုရှင်းဖို့အတွက် ကျနော်တို့ အစစအရာရာ အချိန်ယူပြီး ရှင်းခဲ့ရပါတယ်။ မြို့နယ်အနီးတဝိုက် ရဲစခန်းတို့၊ တပ်တို့နဲ့ အနီးကို သွားပြီးမှ ရှင်းလင်းရေး လုပ်ဆောင်ရတာဆိုတော့ ဒုက္ခတွေတော့ ခံခဲ့ရပါတယ်။ ကြက်ဝိုင်းထဲ ဝင်ရှင်းတော့ ကျနော်တို့တွေက အနားကပ်ပြီးမှ ရှင်းတာဆိုတော့ တခြားသူတွေတော့ ထိခိုက်မှုမရှိပါဘူး။ တခြားသူတွေက ထွက်ပြေးကုန်တယ်” လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

သန်းဇော်ဆိုသူဟာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားတွေကို ရှာဖွေစုဆောင်းပေးသူဖြစ်သလို ၂လုံး၊ ၃လုံးနဲ့ ကြက်ဝိုင်းထောင်ကာ စစ်တပ်အတွက် ငွေရှာပေးနေသူလည်း ဖြစ်တာကြောင့် အကြိမ်ကြိမ်သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။

“သူက ပြည်သူတွေကို တိုင်တာတွေလည်းရှိတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ရွာထဲနေလို့မရအောင် လုပ်လို့ အကုန်လုံး တိမ်းရှောင်နေရတယ်။ သူ့ကြောင့်ပဲ ရဲဘော် ၃ဦး ဖမ်းခံရပြီး စစ်ကြောရေးမှာ ကျသွားလည်း ရှိတယ်။ သူတို့လာတိုင်သူတွေ ရှိတယ်။ အစပိုင်းက ကျနော်တို့လည်း အဲ့နားကို မကပ်နိုင်သေးဘူး။ အခု ကပ်လာနိုင်တဲ့ အချိန်မှပဲပေါ့နော်။ သူ့ကို အကြိမ်ကြိမ်သတိပေးတယ်။ အကြိမ်ကြိမ်ဆိုတာတောင် ၅ကြိမ်ထက်မနည်း ကျနော်တို့ သတိပေးထားတာ၊ အဲ့ဒါကို ဆက်လုပ်နေတာ” လို့ ရဲဘော် Shadow က ပြောပါတယ်။

၃၆၀၁ တပ်ရင်းအနေနဲ့ စစ်တပ်ထောက်တိုင် ဒလန်တွေကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ အကြိမ်ကြိမ် သတိပေးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ချင်းပြည်ရှိ တိုက်နယ်ဆေးရုံကို စစ်အုပ်စု လေကြောင်း ဗုံးကြဲ တိုက်ခိုက်

ချင်းပြည်နယ်၊ သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  CNO/CNDF ပြောရေးဆိုခွင့်ရှိသူဆီက သိရပါတယ်။
Read More

မြန်မာ့အရေးမှာ ဒေသတွင်းနိုင်ငံတွေ ပိုမိုပါဝင်လာမှု ရှိနေကြောင်း NUG ယာယီသမ္မတ သတိပေး

မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
Read More

စလင်းမှာ ရွာထဲ ရိက္ခာလာလုတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ယောက်သေကာ ၂ယောက်ထက်မနည်းဒဏ်ရာရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ​ရွာထဲစစ်ကြောင်းဝင်ရင်း အရပ်သားတွေရဲ့ စားနပ်ရိက္ခာတွေလုယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ၃ယောက်သေပြီး ၂ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင်၊ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ စက်တင်ဘာ…
Read More

စစ်အုပ်စု အကောင့်တုများသုံးကာ ချင်းလူမျိုးအချင်းချင်းကို ရန်တိုက်ပေးသည့် စစ်မျက်နှာအသစ် ဖွင့်လာဟု ဆို

စစ်အာဏာရှင်တွေဟာ စည်းလုံးညီညွတ်နေတဲ့ ဘယ်တော်လှန်ရေးအဖွဲ့အစည်းတွေကိုမဆို အချင်းချင်း သွေးကွဲအောင် မဟုတ်မမှန်သတင်းတွေနဲ့ အမျိုးမျိုး သွေးခွဲကာ တိုက်ခိုက်လေ့ရှိပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ မစည်းလုံးနိုင်မှ သူတို့အသက်ရှုချောင်မှာဖြစ်တာကြောင့် ဒီလိုမှိုင်းတိုက်မှုတွေဟာ မြန်မာစစ်တပ်ရဲ့ လုပ်ရိုးလုပ်စဥ်တစ်ခုလည်း ဖြစ်လာပါတယ်။
Read More

ဖားအံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ (၃) ဦး သေဆုံး၊ (၁၇) ဦး ထိခိုက်ဒဏ်ရာရ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၃) ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒီပဲယင်း စစ်ဆင်ရေးမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံတစ်ယောက်ကို ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့က အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မိုင်းတာဝန်ခံ စစ်သားတစ်ယောက်ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။