စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကြမယ့် ပြည်သူတွေအနေနဲ့ Facebook ၊ X (Twitter) ၊ TikTok ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေမှာ “Reject Sham Election” စာသားပါ အောက်ပါဓာတ်ပုံကို Profile Picture အဖြစ် ပြောင်းလဲ အသုံးပြုရမှာဖြစ်ကြောင်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ရာ နေရာဒေသတွေက ပြည်သူတွေအနေနဲ့ ပါဝင်ဖို့ အခက်အခဲရှိတာကြောင့် လွတ်မြောက်နယ်မြေနဲ့ ပြည်ပရောက် မြန်မာတွေ၊ လုံခြုံရေးစိတ်ချရသူတွေသာ ပါဝင်ပေးကြဖို့ အသိပေးပါတယ်။

“စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံဘူးဆိုတာကို ကမ္ဘာက သိသာမြင်သာစေဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Social Media တွေမှာ Profile Picture ပြောင်းတဲ့သူ ပိုမိုများပြားလာလေလေ၊ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အသံကို ကမ္ဘာကြီးက ပိုမိုသတိထားမိလာစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လူများများပါဝင်ဖို့ အရေးကြီးပါတယ်” လို့ People Movement Platform Myanmar ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မဝတ်မှုန်က ပြောပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဆိုပါ Profile ကမ်ပိန်းကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ အရွေးကောက်ပွဲအတုပြီးတဲ့ ဇန်နဝါရီလ ၃၁ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မိုင်းလုံမြို့နယ် မန်စန်းကျေးရွာတွင် စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ကလေးငယ်အပါ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်၊ တော့ဆန်ကျေးရွာအုပ်စု၊ မန်စန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့စည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းခရိုင် တပ်ရင်း (၁) ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး စစ်အုပ်စုထံ ဝင်ရောက်သွားသည်ဟု ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အမှတ် (၁) စစ်ဒေသ၊ စစ်ကိုင်းခရိုင်တပ်ရင်း (၁) ကကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ စစ်အုပ်စုထံ အလင်းဝင်ရောက်သွားတယ်လို့ အဆိုပါတပ်ဖွဲ့ဝင်ဆီက သိရပါတယ်။
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမြို့နယ် သုံးဆယ်ရွာကို တစ်ရက်အတွင်း စစ်ကောင်စီ ဗုံး ၁၁လုံး ကြဲချ၊ အမျိုးသား ၃ဦး သေဆုံး

ပြီးခဲ့တဲ့ ဇွန်လ ၂၉ရက်နေ့တုန်းကလည်း ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချခဲ့တဲ့အတွက် ပြည်သူ ၆ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၄ လုံး၊ စာသင်ကျောင်း ၁ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Read More

ညောင်လေးပင်ခရိုင်မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား (၃) ယောက် ဒဏ်ရာရ၊ နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ် (၁) စီး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်(၁) ယောက်အပါအဝင် အရပ်သား (၃) ယောက် ဒဏ်ရာရရှိပြီး နေအိမ် (၃)လုံး၊ ထော်လာဂျီ (၁)စီးနဲ့ ဆိုင်ကယ်(၁)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့  ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြဝတီ ခလရ ၂၇၅ မှ ထွက်ပြေးအလင်းဝင်လာသူ ၃ ဦး စစ်ကောင်စီကို ပြန်တိုက်သွားဖို့ရှိဟု ဗျူဟာ ၃၁ ပြော

ကရင်ပြည်နယ်၊ တောင်ပိုင်တိုင်းစစ်ဒေသ၊ ဗျူဟာ (၃၁) လုံခြုံရေးတပ်ခွဲထံ အလင်းဝင်လာတဲ့ မြဝတီအခြေစိုက် ခလရ ၂၇၅ တပ်ရင်းက စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ထုတ်သွားဖို့ ဆန္ဒရှိကြောင်း ဗျူဟာ (၃၁) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။