အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားသူ ၂၂၉ ယောက်ရှိပြီလို့ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထုတ်ပြောခဲ့ပါတယ်။

ဒီစာရင်းဟာ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ဖမ်းဆီးထားတဲ့ စာရင်းဖြစ်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားမှု ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တဲ့အမှု ၁၄၀ အထိ ရှိပြီလို့ ဆိုပါတယ်။

“ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဥ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူတာတွေ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၅ ရက်အထိ တရားခံ အမျိုးသား ၂၀၁ ဦး၊ အမျိုးသမီး ၂၈ ဦး၊ စုစုပေါင်း ၂၂၉ ဦးရှိခဲ့ရာ ဆက်လက်ပြီး ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားဖို့ လိုအပ်တယ်” လို့ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲ လုံခြုံရေးဗဟိုကော်မတီနဲ့ တွေ့ဆုံချိန်မှာ ကြိမ်းဝါးပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ ရွေးကောက်ပွဲ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး စစ်တပ် ပြည်ထဲရေးဝန်ကြီးက အခုလို ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲအတုကို အကြောင်းပြပြီး အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသူတွေထဲမှာ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ စတဲ့ အနုပညာရှင်တွေနဲ့ သာမန် အရပ်သားပြည်သူတွေ ပါဝင်သလို တော်လှန်ရေးအင်အားစုထဲက ခေါင်းဆောင်တချို့ကိုလည်း တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
Read More

သန်းခေါင်စာရင်းကောက်ယူမှု ပြီးမြောက်လို့ အောင်ပွဲခံနေတဲ့ ပျူတွေနဲ့ စစ်ကောင်စီ လက်အောက်ခံတွေ စီးနင်းတိုက်ခိုက်ခံရပြီး ပျူ ၂ ယောက်သေ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံ စားသောက်နေချိန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သား ၁ဦး ပုလော ပကဖထံ လက်နက်နှင့်တကွ အလင်းဝင် 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မြို့နယ်တိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကောင်စီတပ်သား ၁ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ ပုလော ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PNO အဖွဲ့ကို တိုက်ခိုက်၊ စစ်အုပ်စု ၂၀ ဦးခန့် သေဆုံးပြီး ၁ ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်က အယောက် ၂၀ ခန့် သေဆုံးပြီး ၁ ယောက်ကို လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အလင်းဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ခေါ်ထုတ်ချိန် ကျဆုံးခဲ့သည့် နေပြည်တော် ပကဖ ရဲဘော်နှင့် အလင်းဝင် စစ်သား ၃ ဦး ကျဆုံးမှု ၃ လပြည့် ပြုလုပ်

မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက် မနေ့က နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်ဆင်ကြီး၊ အလင်းဝင်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်က ရဲဘော်ညီညီဝင်းမော်၊ ရဲဘော်သိန်းမိုးမင်းနဲ့ ရဲ‌ဘော်မျိုးဇော်အေးတို့ အသက်နဲ့ခန္ဓာပေးလှူသွားခဲ့တဲ့ (၃) လပြည့် အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။