ဆယ်နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို တမံဒီဇိုင်းနဲ့ အမျိုးအစား ပြောင်းလဲပြီး မဂ္ဂါဝပ်လျှော့ချကာ ပြန်လည်စတင်ဖို့ရှိတယ်လို့ အကြမ်းဖက် ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြောလိုက်ပါတယ်။ စီမံကိန်း ပြန်စနိုင်ဖို့ တရုတ်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာ ၁၆ ရက်မှာ မြို့ခံပြည်သူတွေ၊ Non CDM ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံချိန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြစ်ဆုံတမံတည်ဆောက်မှု ဒီဇိုင်းကို မူလက ငလျင်ဒဏ် ၇.၁ မဂ္ဂနီကျုနဲ့ တွက်ချက်ထားပေမယ့် စစ်ကိုင်းငလျင်ပေါ် အခြေခံပြီး ငလျင်ဒဏ်ပိုခံနိုင်တဲ့ ဒီဇိုင်းနဲ့ ပြောင်းလဲတည်ဆောက်မှာဖြစ်ပြီး တမံဒီဇိုင်းသစ်ကို Asia Charter Professional Engineer (ACPE) အဖွဲ့က အကြံပြုတွက်ချက်ပေးမယ်လို့ ဆိုပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရဲ့ မူလ လျှပ်စစ်ထုတ်လုပ်မှု ၆၀၀၀ မဂ္ဂါဝပ်ကနေ ၄၀၀ လျှော့ချကာ ၅၆၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံ ဖြစ်နိုင်ခြေရှိပြီး စီးပွားရေးအရ တွက်ခြေကိုက်နိုင်မည့် အဆိုပြုပုံစံ သုံးရပ်ကို ဆန်ခါတင်စိစစ်ခဲ့ပြီး တမံအမျိုးအစား Concrete Face Rock Fill Dam (CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်” လို့ ပြန်လည်စတင်မယ့် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး စိုးဝင်းက ပြောပါတယ်။

အဆိုပါ စီမံကိန်းကနေ ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံကို ရောင်းချမှာဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက် လက်တွေ့ အကျိုးခံစားခွင့်မရှိတဲ့အတွက် ပညာရှင်တွေ အပါအဝင် အရပ်ဘက်အဖွဲ့တွေက စီမံကိန်းကို ကန့်ကွက်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ဆုံနေရာဟာ ဧရာဝတီမြစ် စတင်ရာ နေရာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားရတဲ့ မြစ်ကြီး ပျက်စီးမှာကိုလည်း ပြည်သူလူထုက စိုးရိမ်ကြပါတယ်။

ရေကာတာ ဆောက်လုပ်လိုက်ရင် ရေကြီးရေလျှံမှု အန္တရာယ်တွေ၊ မြစ်အောက်ပိုင်း ရေကြောင်းပုံစံ ပြောင်းလဲနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေအပြင် ဇီဝမျိုးစုံမျိုးကွဲတွေ၊ ရှားပါးမျိုးစိတ်တွေ နေထိုင်ကျက်စားရာ နေရာတွေ ပျက်စီးနိုင်ပြီး တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွား ယဥ်ကျေးမှုတန်ဖိုးတွေ ထိခိုက်နစ်နာစေတာမို့ ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် အရပ်သားတစ်ပိုင်းအစိုးရဖြစ်တဲ့ ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ်မှာ မြစ်ဆုံစီမံကိန်းကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ကတော့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို လူပုဂ္ဂိုလ် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ စစ်တပ်ရဲ့ လျှပ်စစ်စွမ်းအား ဒုဝန်ကြီးက အဖွဲ့ခေါင်းဆောင်၊ ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုမှုနဲ့ ငွေကြေး အတင်းအဓမ္မကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ရောက်ရာအရပ်မှာ အပစ်ရပ်မယ်၊ စစ်ကောင်စီလည်း ဝေဟင်မြေပြင် ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းဖို့ MNDAA ထုတ်ပြန်၊ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကိုတော့ စွဲကိုင်ထားတယ်လို့ MNDAA ဆို

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) အနေနဲ့ ရောက်ရာအရပ်မှာ အပစ်ရပ်မှာဖြစ်ပေမယ့် စစ်ကောင်စီကလည်း မြန်မာနိုင်ငံနေရာအနှံ့က ဝေဟင်နဲ့ မြေပြင်ထိုးစစ်ဆင်မှုတွေ ရပ်ဆိုင်းပေးရမယ်လို့ ပြည်တွင်းစစ်ရေးပဋိပက္ခ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုလားကြောင်း ဒီဇင်ဘာ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ MNDAA က ဖော်ပြထားပါတယ်။
Read More

လေယာဉ်ဆီဘောက်ဆာကား မောင်းလာသည့် စစ်ကောင်စီတပ်သား၂ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ဘက်ကနေ လေယာဉ်ဆီဘောက်ဆာကား မောင်းလာတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Aung San's Land Natmauk တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၁၀ ဦး သေဆုံးခဲ့ဟု NUG တရားဝင် ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ယောက် အပါအဝင် ပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်ပိုင်းစစ်‌ဒေသက ဧရာ၀တီအတွက် တိုင်းစစ်ဌာနတစ်ခုကို စတင်ဖွဲ့စည်း

တောင်ပိုင်းစစ်ဒေသက တိုင်းစစ်ဌာန(ဧရာဝတီ)ကို ဖွဲ့စည်းလိုက်ပြီး အမှတ်(၂)စစ်ဒေသခွဲရဲ့ ကွပ်ကဲအုပ်ချုပ်မှုကနေ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ အသိပေးထုတ်ပြန်ပါတယ်။