စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၅ရက်က မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်ကနေ အင်အား ၁၀၀ ခန့်နဲ့ ပေါက်ပင်ကျေးရွာသို့ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြား ထိခိုက်မှုရှိခဲ့ကာ စုဖွဲ့မှုပျက်ပြီး စွမ်းရည်ထက်ဆီဆိုင်ဂိတ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တပ် ထိခိုက်မှု အသေးစိတ်အချက်အလက်တွေကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Thanlarwaddy Column-BLDF

0 Shares:
You May Also Like
Read More

ထီးလင်းမြို့ပေါ် စစ်တပ်အထိုင်ချ နေရာတွေကို ရော့ကတ်တွေ ပစ်ခတ်၊ ဒရုန်းတွေနဲ့ ဗုံးသီး ၁၀၀ ကျော် ကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လည်အထိ ရော့ကတ်တွေနဲ့ ပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးသီး အလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရ ပါတယ်။
Read More

ချောက်-စလေလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ စီးနင်းလာသည့် ကားကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်-စလေလမ်းပိုင်းမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ People Defense Force Chauk က သတင်းထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက ချောက်-စလေလမ်းပိုင်းတစ်နေရာမှာ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ ကား ၂ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ အောင်ပွဲခံ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်တပ်ရဲ့ စွယ်တော်ကုန်း ဗျူဟာစခန်းကို အောက်တိုဘာ ၁၇ ရက်က KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့ ကြတယ်လို့ သိရပါတယ်။
Read More

ရွှေကုက္ကိုလ်နယ်မြေရှိ ၁၂ ထပ် ကျားဖြန့်အဆောက်အအုံကို စစ်ကော်မရှင် ဖြိုချဖျက်ဆီးပြ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်နယ်မြေရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ ၁၂ ထပ်ရှိတဲ့ အဆောက်အအုံကို စစ်ကော်မရှင်က ဒီနေ့ ဖောက်ခွဲ ဖြိုချပြခဲ့ပါတယ်။
Read More

ဂိတ်ချ ပိုက်ဆံတောင်းနေသည့် ရဲ ၂ ယောက် တိုက်ခိုက်ခံရပြီး ၂ယောက်လုံး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် လက်စွေ့ရွာမှာ ဂိတ်ချပြီး လမ်းသွားပြည်သူတွေကို ပိုက်ဆံတောင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ယောက်ကို မတ်လ ၁၂ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ ၂ ယောက်လုံးသေပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF ထံက သိရပါတယ်။
Read More

ရေးပြောက်ကျားတပ်မှ မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း (၂) ရေးပြောက်ကျားတပ် (YGF) က ဒေါနစစ်ကြောင်း(၃)၊ ဒေါနတပ်ခွဲ (၄) KBDF၊ ဒေါနတပ်ခွဲ (၇) LPF၊ NMSP (AD) RMA ၊ MSRF ၊ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး ဇွန်လ ၂ ရက်မှာ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။