မကွေးတိုင်း၊ မင်းဘူးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်- ၆ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရွှေစက်တော်ဘုရားဖွင့်ပွဲအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းကို မန်းချောင်းအနောက်ဘက် ကုတင်ကုန်းရွာအနီးနဲ့ လက်ပတောရွာအနီးမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သား ၄ ယောက် သေဆုံးကာ အနည်းဆုံး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ရွှေကြောင်းရွာနဲ့ ကူရွာနေ ပြည်သူ ၂ ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါကြောင့် မင်းဘူးမြို့နယ်အတွင်းရှိ ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပျူစောထီးတွေအနီး သွားလာနေထိုင်ခြင်းမပြုလုပ်ကြဖို့နဲ့ အဝေးမှာ နေထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

 Video – မင်းဘူးခရိုင် အမှတ်-၆တပ်ရင်း

0 Shares:
You May Also Like
Read More

ကျရာတာဝန် ထမ်းဆောင်ရင်း ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀) ပြည့်မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြသည့် ရဲဘော်များ (ရုပ်/သံ)

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်မွေးနေ့အတွက် မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းက ရဲဘော်တွေဟာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရင်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။
Read More

ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ အင်အား ၁၂၀ နဲ့ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို   အောက်တိုဘာ ၉ ရက်က နေ့လယ်ပိုင်းက ဘုတလင်မြို့တောင်ဘက် ကျောက်အိုးရွာအနီး ဒရုန်းနဲ့ လက်လုပ် ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ BGS Drone Force အဖွဲ့ထံက သိရပါတယ်။
Read More

စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအတွင်း စစ်သား ၂၂ ဦး ဖမ်းဆီးမိပြီး ၇ ယောက် သေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ယောက် ဖမ်းဆီးမိပြီး ၇ ယောက်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ် လို့ ပဲခူးခရိုင် ၊ အမှတ် - ၂ တပ်ရင်း ၊ P2-3702 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တို ဘာ ၁၇ ရက် ညနေပိုင်းက ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ North Western People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ကနီမြို့နယ် မုဋောအရှေ့ရွာဆိပ်ကမ်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက်ဒဏ်ရာရပြီး ဆီကားနဲ့ ဆိုင်ကယ်များ မီးလောင်ပျက်စီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ် မုဋောအရှေ့ရွာ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာ ၁ ပါးနဲ့ ပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မြို့နယ် ဥယျာဉ်ကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်မှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ YOMA GBK PDF  အဖွဲ့ထံက သိရပါတယ်။