တနင်္သာရီတိုင်း၊ ရေဖြူမြို့မှာ ထားဝယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ်အခြေစိုက်စခန်းတွေကို ဝင်ရောက်စီနင်း တိုက်ခိုက်နိုင်ခဲ့သလို မီးရှို့ရှင်းလင်းမှုတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်လာပါတယ်။ 

ဒီစစ်ဆင်ရေးဟာ စစ်တပ် ဦးစီးကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ရေဖြူမြို့ပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့မရဲစခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

တပြိုင်တည်းမှာပဲ ခမရ (၄၀၆)၊ ခမရ (၄၀၇)၊ အမတ (၃၀၄) တို့ကိုလည်း ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်နိုင်ခဲ့ပြီး ရေဖြူမြို့ တံတားစစ်ဆေးရေးဂိတ်၊ ရပ်တော်မူဘုရား စစ်တပ်ယာယီစခန်းတို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်မှုက အဓိကကျတယ်လေ… အဲဒါကြောင့် ပြင်ဆင်မှုတွေတော့ ရှိပါတယ်။ တိုက်ပွဲက ပြင်းထန်တယ်တော့ မဟုတ်ပါဘူး။ လက်နက်ကြီး လက်နက်ငယ် အပြန်အလှန် ပစ်ခတ်တာတော့ ရှိတယ်။ သေဆုံးတွေ အတိအကျတော့ မသိပါဘူး။ ခန့်မှန်းခြေ ၂၀လောက်တော့ ရှိမယ်ထင်တယ်” လို့ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် ABC က မောင်းကို ပြောပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက ရေဖြူမြို့ကို ခေတ္တထိန်းချုပ်နိုင်ခဲ့သလို အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေး ယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းအတွင်းက နေရာတချို့ကိုလည်း မီးရှို့ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအပြီး တော်လှန်ရေးတပ်တွေက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး လက်ရှိမှာတော့ စစ်တပ်က ရေဖြူမြို့မှာ အင်အားတွေ အများကြီး ထပ်တိုးထားကာ ကျေးရွာတွေဘက်ကိုလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ 

“ဒီထက်မက ကြိုးစားသွားပါမယ်။ ပြည်သူတွေ လိုချင်တဲ့အရာကို ကျနော်တို့ရည်ရွယ်ချက်ဖြစ်တဲ့ စစ်အာဏာရှင် ကျရှုံးရေးအထိ ကြိုးစားသွားပါ့မယ်။ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ အပ်နိုင်အောင်လည်း ကြိုးစားသွားပါ့မယ်” လို့ ရဲဘော် ABC က ဆိုပါတယ်။ 

အဆိုပါစစ်ဆင်ရေးကို ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း၊ ဗျူဟာ (၃၃) ဒေါနစစ်ကြောင်း (၃) KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့)၊ ရေဖြူပကဖ၊ Ba Htoo Army၊ ဂျိုးဖြူပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ – DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF၊ Aဒင်မှူး၊ DNU၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ဒေါနတပ်ရင်းချေမှုန်းရေးတပ်ခွဲ(၇) LPF တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူမှာ စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွား၊ အကြမ်းဖက်စစ်သား ၁၄ ဦး သေဆုံး…

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၄ ယောက် သေဆုံးခဲ့တယ်လို့ Ye Guerrilla Force-ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူ၊ သိန်ရင်ဆည်က စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်တပ်ဘက်က ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က သိန်ရင်ဆည်ကို ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ လှုပ်ရှား Drone အဖွဲ့ဆီက သိရပါတယ်။
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ ၁၇၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်း စံပြုတည်မြဲအမိန့် စစ်ရုံးချုပ် ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၏ တပ်ရင်းစံပြုတည်မြဲအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) ၊ PDF စစ်ရုံးချုပ်က မေလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။