ပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးအောင် ဦးတည်တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေ ရပ်တန့်အောင် ကူညီဆောင်ရွက်ပေးဖို့အတွက် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး အပါအဝင် ရခိုင်ပြည်နယ်တဝှမ်း အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း စစ်တပ်နဲ့ အပစ်ရပ်ထားကြတဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့က ပူးတွဲထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

“မြန်မာစစ်ကော်မရှင်၏ ထိုလုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန် လူသားချင်းစာနာထောက်ထားသော၊ ယဥ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံ အစိုးရတို့အား မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်” လို့ ဒီဇင်ဘာ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ၏ မိသားစုဝင်များ (ဓာတ်ပုံ WaiHunAung)

အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအနှံ့ ပြည်သူလူထုအပေါ် နေ့စဥ်ရက်ဆက် ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဟာ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ည ၉ နာရီကျော်မှာ စစ်တပ်က မြောက်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ဆေးကုသမှု ခံယူနေတဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေ စုစုပေါင်း ၃၃ ယောက် သေဆုံးခဲ့ပြီး အယောက် ၈၀ နီးပါး ဒဏ်ရာရခဲ့ကြပါတယ်။

အလားတူ နောက်တစ်ရက် ဒီဇင်ဘာ ၁၁ ရက်မှာလည်း ကျောက်ဖြူမြို့နယ် ငလုံးစု အထက်ရွာနဲ့ အောက်ရွာတို့ကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ယောက်သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဘုံသဘောတူညီချက် ၅ ရပ်ထဲမှာပဲ ပိတ်မိမနေဖို့နဲ့ စစ်ကောင်စီကို နေရာပေး ဆက်ဆံမှုတွေ ရပ်ဖို့ အရပ်ဘက်အဖွဲ့ ၂၆၀ ကျော်က အာဆီယံကို တိုက်တွန်းတောင်းဆို

အာဆီယံအနေနဲ့ ဘုံသဘောတူညီချက်တွေကို ကျော်လွန်လုပ်ဆောင်ကာ စစ်ကောင်စီနဲ့  ထိတွေ့ဆက်ဆံနေမှုကို အမြန်ဆုံး ရပ်တန့်ဖို့  အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး ရပ်တည်ချက် (၄) ရပ် ထိုင်းချမှတ်၊ ရွေးကောက်ပွဲလေ့လာသူ စေလွှတ်စေချင်ပေမယ့် တရားဝင်အသိအမှတ်ပြုတာ မဟုတ်ဘူးဟု ထိုင်းဆို

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အဓိကမူဝါဒရပ်တည်ချက် (၄) ရပ် ချမှတ်ထားကြောင်း ထိုင်းနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒေ ဘလန်ကူရာက အောက်တိုဘာလ ၂၅ ရက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

တောင်ကိုရီးယားလေဆိပ်မှာ ခရီးသည်တင်လေယာဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြား သေဆုံးနိုင် (ရုပ်/သံ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စီးဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသည်အများအပြားသေဆုံးနိုင်တယ်လို့ တောင်ကိုရီးယားရဲ့ ကနဦးသတင်းတွေမှာ ဖော်ပြပါတယ်။
Read More

မြန်မာကိုယ်စားပြုယှဥ်ပြိုင်သည့် ချင်းတိုင်းရင်းသားလေး ဗန် UFC ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

ဒီနေ့ပွဲရဲ့ ဒုတိယခေါင်ပွဲလည်းဖြစ် ဖလိုင်းဝိတ်ချန်ပီယံလုပွဲလည်းဖြစ်တဲ့ UFC 323 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသားလေး ဗန် နဲ့ ကမ္ဘာ့ဖလိုင်းဝိတ်ချန်ပီယံ ပန်တိုဂျာတို့ထိုးသတ်ခဲ့ရာ၊ ပထမအချီအစမှာပဲ ပန်တိုဂျာ လက်ကျိုးသွားခဲ့တာကြောင့် ပြိုင်ဖက် ဗန် က UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူသွားခဲ့ပါတယ်။
Read More

ဘင်္ဂလားဒေ့ရှ်မှာ ARSA ခေါင်းဆောင်အပါ ၁၁ ဦးကို အာဏာပိုင်များ ဖမ်းဆီးရမိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အာရကန် ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ် (ARSA) ခေါင်းဆောင် အာတာအူလ္လာဟ်အပါအဝင် ၁၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့က မတ်လ ၁၇ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။