ရန်ကုန်မြို့ ကျားဖြူပါတီဆိုင်းဘုတ်တင်ပွဲတစ်ခုမှာ ပါတီဝင်တွေရဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေအကကြောင့် စိတ်ကျန်းမာရေးမကောင်းသူ မူးလဲသွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အတွင်း စိတ်ကျန်းမာရေး မကောင်းသူကို ကျားဖြူပါတီဝင်တွေက အလယ်မှာထားကာ ဇော်ဝင်းထွဋ်ရဲ့   စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ကို ပြန်လည်ပြီး သီဆိုကခုန်နေစဉ် မူးလဲခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ စိတ်ကျန်းမာရေးမကောင်းသူမှာ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံတစ်ဝိုက်မှာ ကနေတတ်သူဖြစ်ပြီး အသက်အရွယ်ကြီးရင့်ပေမယ့် လူငယ်တစ်ယောက်လို ကနေတတ်တဲ့အတွက်  လူမှုကွန်ရက်သုံးစွဲသူတွေက ပျော်စရာအဖြစ် မျှဝေလေ့ရှိသူ ဖြစ်ပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

နန်းဟန်နွဲ့ရွာမှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခံရပြီး တပ်စိတ် ၁ စိတ် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းဟန်နွဲ့ရွာရှိ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ တပ်စိတ် ၁ စိတ်ခန့် သေဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကံတလူတိုးဂိတ်အနီး အင်အား ၂၀ ခန့်ဖြင့် လုံခြုံရေးယူနေသည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မန္တလေး - မုံရွာ ကားလမ်းပေါ်က ကံတလူတိုးဂိတ်အနီး အင်အား ၂၀ ခန့်နဲ့ လုံခြုံရေးလာယူတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးခဲ့တယ်လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ဒီဇင်ဘာ ၂၅ ရက် မနေ့က ညနေပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် - ၁ တပ်ရင်းထံက သိရပါတယ်။
Read More

လမ်းမပေါ် ဆက်ကြေးကောက်နေတဲ့ စစ်သားတွေကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်မှု ၄ ယောက်သေ၊ ၁ ယောက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ ကားလမ်းပေါ်က သံလွင်မြန်မာဆီဆိုင်အနီး ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေပြီး ၁ ယောက် ဒဏ်ရာရရှိသွားတယ်လို့ လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းတိုင်ပင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ၄ ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ် (ရုပ်/သံ)

မန္တလေးမြို့မှာ ယနေ့ မတ်လ ၅ ရက်ညပိုင်းမှာ လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာ ရွာသွန်းသွား တယ်လို့ ဒေသခံများထံက သိရပါတယ်။