Myingyan Black Tiger (မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း) က ရဲဘော်တပ်သားသစ်တွေ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

လျှောက်ထားချင်သူတွေအနေနဲ့ အသက် (၁၈) နှစ်ကနေ (၃၅)နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းကာလလေ့ကျင့်မှုကို ပြီးဆုံးတဲ့အထိ ဇွဲရှိသူ၊ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ၊ ရိုးသားဖြောင့်မတ်သူ၊ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝကနေ လွတ်မြောက်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ တော်လှန်လိုစိတ် ပြင်းထန်သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။

အထက်ပါ အချက်အလက်တွေနဲ့ ပြည့်စုံသူဟာ Myingyan Black Tiger facebook ပေ့ချ်နဲ့ Telegram တွေကနေ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

Video – Myingyan Black Tiger

0 Shares:
You May Also Like
Read More

ညောင်ဂျစ်ပင်ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ပျူစခန်းကို နိုဝင်ဘာ ၂၀ ရက်က ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုး စစ်အုပ်စု အကြိမ်ကြိမ်တိုက်ခိုက်ခံရပြီး ၁၂ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ယောက် သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မင်းဘူးခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာတွေကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ စျာပနကို မန္တလေးမြို့သူမြို့သား ထောင်ချီ လိုက်ပါပို့ဆောင် (ရုပ်/သံ)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို ဒီနေ့မနက်က မန္တလေး မြို့သူမြို့သားတွေ ထောင်နဲ့ချီကာ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မင်းတုန်းမြို့နယ်အတွင်း တိုင်းအဆင့်ရဲမှူးလိုက်ပါစီးနင်းလာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ တိုင်းအဆင့် ရဲမှူး စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဖိုးဝှီးကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ယောက်အတွက် အလေးပြုခြင်းအခမ်းအနားပြုလုပ် (ရုပ်/သံ)

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်း ရဲဘော် သံခြေထောက်နဲ့ ရဲဘော် ကပ္ပလီတို့ရဲ့ ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် ဒီဇင်ဘာ ၂၀ ရက်က လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှ အလံတစ်ဝက်ချလွှင့်ထူခြင်းနဲ့ အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။