Myingyan Black Tiger (မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း) က ရဲဘော်တပ်သားသစ်တွေ ဖိတ်ခေါ်နေတယ်လို့ သိရပါတယ်။

လျှောက်ထားချင်သူတွေအနေနဲ့ အသက် (၁၈) နှစ်ကနေ (၃၅)နှစ်အတွင်း၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းကာလလေ့ကျင့်မှုကို ပြီးဆုံးတဲ့အထိ ဇွဲရှိသူ၊ ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူ၊ ရိုးသားဖြောင့်မတ်သူ၊ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝကနေ လွတ်မြောက်တဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ တော်လှန်လိုစိတ် ပြင်းထန်သူဖြစ်ရမယ်လို့ ဆိုထားပါတယ်။

အထက်ပါ အချက်အလက်တွေနဲ့ ပြည့်စုံသူဟာ Myingyan Black Tiger facebook ပေ့ချ်နဲ့ Telegram တွေကနေ အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်တယ်လို့ ဆိုပါတယ်။

Video – Myingyan Black Tiger

0 Shares:
You May Also Like
Read More

ပြည်သူအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ဖို့ စစ်သင်တန်းဆင်း ရဲဘော်သစ်တွေကို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် တိုက်တွန်းပြောကြား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အမှတ်တရအမှာစကား ပြောကြားခဲ့တဲ့ရုပ်သံကို  ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) က ထုတ်ပြန်လာပါတယ်။
Read More

ဒီပဲယင်းမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ လမ်းဆုံတောင်ဘက်ရှိ ပြည်သူနေအိမ် ၅ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ယနေ့ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲအချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အဖြူရောင်ပကဖ (ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ဗီဒီယိုဖိုင်နဲ့တကွ ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပခုက္ကူမြို့နယ် ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား (ရုပ်သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် ကြိုးတန်းရွာကို မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ Ayar Daung အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး ၄၀ ခန့်သေကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ ၆ ယောက်အရှင်ဖမ်းမိ (ရုပ်/သံ)

ကရင်နီပြည်နယ် မိုးဗြဲမြို့မှ လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော်နဲ့ ချီတက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က ကုန်းသာကျေးရွာအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက် ခဲ့ရာ ၄၀ ခန့်သေပြီး ၆ ယောက်အရှင်ဖမ်းဆီးမိခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ထံက သိရပါ တယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံး အောင်သပြေဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အုပ်စုကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အောင်သပြေဘုန်းကြီးကျောင်းမှာ တပ်စွဲပြီး ပြည်သူတွေထံက ခြိမ်းခြောက်ငွေတောင်း အဓမ္မပေါ်တာဆွဲ စစ်သားစုဆောင်းနေတဲ့ စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။