တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၁ နာရီအချိန်မှာ CDM ပညာရေးဝန်ထမ်းဖြစ်သူ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ ပုလောမြို့နယ်၊ ဆားခဲကျေးရွာက သူတို့ရဲ့နေအိမ်မှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းအနေနဲ့ ပြင်းထန်စွာ ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“တရားခံ ဘယ်သူဘယ်ဝါဆိုတာတော့ ကျနော်တို့ မသိသေးပါဘူး။ အသတ်ခံရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။ လတ်တလောတော့ တိုးတက်မှုအချို့ရှိတယ်။ အချိန်ကျရင် အသိပေးထုတ်ပြန်ပါမယ်” လို့ မြိုတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသည့် CDM ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်း

လက်ရှိမှာတော့ ကျူးလွန်သူတရားခံတွေကို ဖမ်းဆီးရမိရေးနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ပြစ်မှုကျူးလွန်သူများအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ဖြစ်စေ မိမိတို့တပ်ရင်းမှ အစွမ်းကုန် လိုက်လံစုံစမ်း ဖော်ထုတ်သွားမည်” လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း တရားခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိရင် တပ်ရင်းတာဝန်ရှိသူတွေထံ ယုံကြည်စိတ်ချစွာ သတင်းပေးဖို့လည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကနေ အသိပေးထားပါတယ်။

CDM ဆရာမ ဒေါ်အေသီအောင်ဟာ ဒေသအတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတတ်မြောက်ရေးအတွက် ရှေ့တန်းကနေ ဦးဆောင်ကြိုးပမ်းနေသူတယောက်ဖြစ်ပြီး ပုလောမြို့နယ်၊ ပညာရေးဘုတ် အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကလေး (၁) ယောက်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကကြောင့် ကလေး (၁) ယောက်အပါ (၂) ယောက်တို့ ထိခိုက်ခဲ့ပြီး နေအိမ် (၂) လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

သံတောင်ကြီး သပြေညွန့်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၁၀ ဦးကျော်သေပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ သပြေညွန့်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၁၀ ယောက်ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU က ထုတ်ပြန်ပါတယ်။
Read More

စလင်း(ပကဖ) အမည်ခံပြီး လိမ်လည်အလှူငွေတောင်းနေသူတွေကို ဖော်ထုတ်အရေးယူသွားမည်ဟု ဆို

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နာမည်ခံပြီး လိမ်ညာအလှူခံမှုတွေ ရှိနေတဲ့အတွက် စစ်ဆေးဖော်ထုတ် အရေးယူသွားမယ့်အကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူ ကိုအောင်ဆန်းက မောင်းကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်ရှိ ကျေးရွာ (၅)ရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါးနဲ့ နောင်လင်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး မနေ့ကတစ်ရက်တည်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအလုံး (၇၀) ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင် နယူးယောက်မှာ ရုံတင်ပြသမယ်

တော်လှန်အနုပညာရှင် မင်းမော်ကွန်းပါ၀င်ထားတဲ့ ဖြတ် တော်လှန်ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ရုပ်တင်ပြသတော့မှာဖြစ်ပါတယ်။
Read More

NLD သန်လျင်လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် လွတ်မြာက်နယ်မြေမှာ ကွယ်လွန်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (ခ) ကိုပေါက်စ ဟာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။