တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၆ ရက် မနက် ၁ နာရီအချိန်မှာ CDM ပညာရေးဝန်ထမ်းဖြစ်သူ ဆရာမဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ ပုလောမြို့နယ်၊ ဆားခဲကျေးရွာက သူတို့ရဲ့နေအိမ်မှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ဖြစ်တာကြောင့် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းအနေနဲ့ ပြင်းထန်စွာ ရှုတ်ချပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“တရားခံ ဘယ်သူဘယ်ဝါဆိုတာတော့ ကျနော်တို့ မသိသေးပါဘူး။ အသတ်ခံရတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။ လတ်တလောတော့ တိုးတက်မှုအချို့ရှိတယ်။ အချိန်ကျရင် အသိပေးထုတ်ပြန်ပါမယ်” လို့ မြိုတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရသည့် CDM ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်း

လက်ရှိမှာတော့ ကျူးလွန်သူတရားခံတွေကို ဖမ်းဆီးရမိရေးနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ပြစ်မှုကျူးလွန်သူများအနေဖြင့် မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ဖြစ်စေ မိမိတို့တပ်ရင်းမှ အစွမ်းကုန် လိုက်လံစုံစမ်း ဖော်ထုတ်သွားမည်” လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း တရားခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိရင် တပ်ရင်းတာဝန်ရှိသူတွေထံ ယုံကြည်စိတ်ချစွာ သတင်းပေးဖို့လည်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းကနေ အသိပေးထားပါတယ်။

CDM ဆရာမ ဒေါ်အေသီအောင်ဟာ ဒေသအတွင်းက ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတတ်မြောက်ရေးအတွက် ရှေ့တန်းကနေ ဦးဆောင်ကြိုးပမ်းနေသူတယောက်ဖြစ်ပြီး ပုလောမြို့နယ်၊ ပညာရေးဘုတ် အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဆောမြို့နယ်က ရေးဘေးသင့် ကျေးရွာတစ်ခုကို တော်လှန်ရေးအဖွဲ့တွေက ထောက်ပံ့ငွေ ၁၈၄ သိန်းပေးအပ်

မကွေးတိုင်း၊ ဆောမြို့နယ် အမှတ် (၁) စစ်ဒေသထဲက စိုးမိုးနယ်မြေတစ်ခုမှာ ရေဘေးသင့်ခဲ့တဲ့ ကျေးရွာတစ်ရွာကို ငွေကျပ် ၁၈၄ သိန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း The Youth Force-Saw & Kyaukthu ကထုတ်ပြန်ပါတယ်။
Read More

လောင်းလုံး၊ စမ်းလှမ်းကျေးရွာမှ စစ်ကောင်စီဒေါက်တိုင်ဆိုသူများကို လောင်းလုံးပကဖ ဖမ်းဆီးထိန်းသိမ်းထား

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် ဒေါက်တိုင်ဖြစ်သူ ၅ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်း​ထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ရှိသူ က မောင်းကိုပြောပါတယ်။
Read More

မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှာ တော်လှန်ရေးပူပေါင်းအဖွဲ့က လမ်းလုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ နဲ့ ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီး လမ်းပိုင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊  မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင်တိုက်ဖျက်ရေး)၊ Lion Battalion စစ်ကြောင်း မဟာမိတ် ပူး‌ပေါင်းအဖွဲ့က ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ဒီနေ့မှာ ရှောင်တခင် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

အုတ်တွင်းမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို တိုက်ခိုက်၊ ရဲတပ်ကြပ် ၁ ယောက် သေပြီး ၄ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာ ၄ ခုကို ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ကြပ် ၁ ယောက် သေပြီး ရဲ ၃ ယောက်နဲ့ စစ်သား ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်မှာ စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့

စစ်တပ်အာဏာသိမ်းပြီးနောက် KNLA နဲ့ မဟာမိတ်တပ်တွေက စစ်ကောင်စီတပ်စခန်း ၁၃၈ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် (KPSN)က အသိပေးထုတ်ပြန်ပါတယ်။
Read More

PDF တွေရဲ့ မြေမြှုပ်မိုင်းရှိတဲ့ သဲပုံပေါ်မှာ နေရာယူ ပစ်ခတ်နေတဲ့ စစ်သားတွေ မိုင်းခွဲခံရပြီး အရာရှိတစ်ယောက်အပါ ၉ယောက် သေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ ကွန်ပျုတာတက္ကသိုလ်ကို ထွက်လာတဲ့ စစ်ကောင်စီအိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ရင်း ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်က အရာရှိ ၁ယောက်အပါဝင် ၉ယောက်သေဆုံးခဲ့ကြောင်း PDF Kalay -Mine Team ထံက သိရပါတယ်။