အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) ရဲ့ တပ်ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ် ပြည့်မြောက်ခဲ့တာဖြစ်ပြီး စတင်ခဲ့ချိန်ကအတိုင်း စစ်အုပ်စုကို ဘုံရန်သူအဖြစ် ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ဖြတ်သန်းခဲ့ရတဲ့ ၄ နှစ်တာ စစ်ရေးအတွေ့အကြုံတွေထဲ မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတဲ့ စစ်ရေးအတွေ့အကြုံတွေကတော့ အားရကျေနပ်ဖို့ ကောင်းပါတယ်။ အခု ၄ နှစ်တာကာလရှိလာပြီးတဲ့တိုင် ကျနော်တို့ရဲ့ ရှုမြင်ပုံဟာ အရင်ကနဲ့ မကွာခြားသွားပါဘူး။ စစ်တပ်ကို ဘုံရန်သူအဖြစ် ရန်ငါ ပြတ်ပြတ်နဲ့ ဆက်လက်တိုက်ခိုက်နေကြပါတယ်” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

မကွေးတိုင်းတောင်ဘက်ခြမ်းမှာ အဓိကလှုပ်ရှားတဲ့ PIO/PIA အနေနဲ့ တိုက်ပွဲတွေဖော်ဆောင်ရာမှာ နယ်မြေအခြေအနေတွေနဲ့ စစ်အုပ်စု ဖိအားတွေကြောင့် သတင်းထုတ်ပြန်တာမျိုးတွေမှာ အားနည်းခဲ့ပြီး ဒီအချက်တွေကြောင့်ပဲ ခဲယမ်းအပါအဝင် တပ်လိုအပ်ချက်တွေ အချိန်မှီဖြည့်တင်းနိုင်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိ မဟာမိတ်တွေနဲ့အတူတူ လှုပ်ရှားတိုက်ပွဲဝင်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ရန်သူ့ရဲ့ အသည်းနှလုံးနေရာတွေဖြစ်တဲ့ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေရှိရာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ဖြစ်ပါတယ်” လို့ PIO/PIA တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/ PIA) ရဲ့ ၄နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ အပတ်စဥ်(၂/၂၀၂၅) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၄ ဖွဲ့က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

PIO/PIA ဟာ လက်ရှိ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာလည်း အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ထားပြီး တပ်ပေါင်းစုအင်အားနဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ဖို့ရှိနေကြောင်း ပြောပါတယ်။

“ကျနော်တို့ တပ်တော် စတင်တည်ထောင်ကတည်းက တပ်ပေါင်းစုနဲ့မှ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီလို ယုံကြည်တဲ့အတွက်လည်း အခုတပ်ပေါင်းစုဖွဲ့တဲ့အခါမှာလည်း တက်တက်ကြွကြွပါဝင်ဖြစ်ခဲ့ပါတယ်။ စစ်ကော်မရှင်တပ်ကို တိုက်တဲ့အခါမှာ တစ်စုတစ်ဖွဲ့တည်းနဲ့ ဒီအချိန်မှာ ထိရောက်တဲ့ ထိရောက်မှုရှိမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မဟာမိတ်တပ်တွေ စုဖွဲ့ပြီးတော့ အဲ့ဒီ အမိန့်ပေးကွပ်ကဲမှုအောက်မှာ တိုက်ပွဲဝင်ဖို့ ရည်ရွယ်ပြီး စုဖွဲ့ခဲ့ကြတာပါ” လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

KNDF ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စတင်ဖွဲ့စည်းတဲ့ အချိန်ကစလို့ ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို KNDF အမှတ်(၄) ဗျူဟာက ပြုလုပ်ထားတဲ့ ကျည်-Ammo (သိန်း ၉၉၉၉) Project မှာ ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အရေးယူနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ လိပ်ကျရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုနဲ့အတူ နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

ငါးသရောက်က စစ်​ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ​တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ညောင်ဦးမြို့နယ်မှာ ငါးသရောက်မြို့က စစ်ကောင်စီရဲ့ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်/ဆက်ရုံးတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း Popa Guerrilla Force (PGF) ဒုတာဝန်ခံ ကိုဗျတ္တက မောင်းကိုပြောပါတယ်။
Read More

စစ်ကိုင်း၊ မကွေး နဲ့ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို လက်နက်တပ်ဆင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်းက ရဲဘော်တွေ ပါဝင်တဲ့ အပတ်စဉ် (၄) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ကို ဇန်နဝါရီလ (၁၂) ရက်မှာ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။