မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မြိုင်ပကဖက ထုတ်ပြန်ထားပါတယ်။

အခြေခံစစ်ပညာသင်တန်းကို သင်တန်းသား ၇၀ ကျော် တက်ရောက်ခဲ့ပြီး သင်တန်းကာလ ၂ လတာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာ မြိုင်ပကဖတပ်ဖွဲ့ဝင်တွေသာမက ကမ္မတပ်ပေါင်းစုက သင်တန်းသားတွေ၊ ဒေါင်းရင်သွေး(မြစ်ခြေ) တပ်ဖွဲ့ သင်တန်းသားတွေ၊ Joker ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းတွေ၊ လရောင်ပြောက်ကျားတပ်ဖွဲ့ (မြိုင်ပကဖ) သင်တန်းသားတွေ၊ BURMA Federal Column-BFC သင်တန်းသားတွေပါ စုစည်းပြီး လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲ အခမ်းအနားကို မြိုင်ပကဖ တာဝန်ရှိသူတွေ၊ မကွေးပြည်သူ့ကာကွယ်ရေး တပ်မတော် ( Magway- PDF) တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ တပ်ဖွဲ့အသီးသီးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

စစ်ကိုင်း၊ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရမှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုတချို့ရှိကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ဒီကနေ့ညနေမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူ ၁၃၅ ယောက်အတွက် နိုဝင်ဘာ ၂၈ ရက် မနေ့က အရာတော်ရွှေဂျိုးဖြူအဖွဲ့မှ လှူဒါန်းတဲ့ စားနပ်ရိက္ခာတွေကို Shwebo Crocodile အဖွဲ့က သွားရောက်သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force – Kanpetlet အလံတော်လွှင့်ထူ (ရုပ်/သံ)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရဲစခန်းမှာ Chin Defence Force - Kanpetlet အလံတော်ကို လွှင့်ထူခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

မြိတ်မှာ စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မြိတ်မြို့နယ်မှာ စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူမြို့တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား ၁ ယောက်ကို သွားရောက် ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့ တပ်မ ၁၀၁ ဌာနချုပ်မှာ စစ်မှုထမ်းစုဆောင်းခံရတဲ့ တပ်သား မျိုးမင်းအောင် ကို သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ Burma Revolution Rangers ထံက သိရပါတယ်။
Read More

မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ ထုတ်လုပ်နေတဲ့ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းကို ထုတ်ပြန်ပြသ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ဖို့ လက်နက်ထုတ်လုပ်နေတဲ့ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းမှာ ထုတ်လုပ်နေတဲ့ လက်နက်တွေကိုအကြောင်းတွေကို ပြည်သူ့ရဲဘော်လေးက ယခုလိုပဲ ရှင်း ပြခဲ့ပါတယ်။