ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အတွက် စစ်မှုထမ်း စုဆောင်းပေးနေတဲ့ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူကို ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း၊ တပ်ခွဲ (၄) ရဲဘော်တွေ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် နေ့လယ် ၂ နာရီအချိန်မှာ သဲကုန်းမြို့နယ်၊ ညောင်ပင်စုကျေးရွာက အဆိုပါ စစ်တပ်ထောက်တိုင် ဒလန်ဖြစ်သူ သန်းဇော်ဟာ ကျေးရွာထဲက ကြက်ဝိုင်းကိုရောက်နေချိန် တော်လှန်ရေးရဲဘော်တွေ ပစ်ခတ်ရှင်းလင်းရာ နေရာမှာတင် ပွဲချင်းပြီး‌ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သူ့ကိုရှင်းဖို့အတွက် ကျနော်တို့ အစစအရာရာ အချိန်ယူပြီး ရှင်းခဲ့ရပါတယ်။ မြို့နယ်အနီးတဝိုက် ရဲစခန်းတို့၊ တပ်တို့နဲ့ အနီးကို သွားပြီးမှ ရှင်းလင်းရေး လုပ်ဆောင်ရတာဆိုတော့ ဒုက္ခတွေတော့ ခံခဲ့ရပါတယ်။ ကြက်ဝိုင်းထဲ ဝင်ရှင်းတော့ ကျနော်တို့တွေက အနားကပ်ပြီးမှ ရှင်းတာဆိုတော့ တခြားသူတွေတော့ ထိခိုက်မှုမရှိပါဘူး။ တခြားသူတွေက ထွက်ပြေးကုန်တယ်” လို့ ၃၆၀၁ တပ်ရင်း၊ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

သန်းဇော်ဆိုသူဟာ စစ်တပ်အတွက် စစ်မှုထမ်းတပ်သားတွေကို ရှာဖွေစုဆောင်းပေးသူဖြစ်သလို ၂လုံး၊ ၃လုံးနဲ့ ကြက်ဝိုင်းထောင်ကာ စစ်တပ်အတွက် ငွေရှာပေးနေသူလည်း ဖြစ်တာကြောင့် အကြိမ်ကြိမ်သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နားမထောင်ခဲ့ဘူးလို့ ဆိုပါတယ်။

“သူက ပြည်သူတွေကို တိုင်တာတွေလည်းရှိတယ်။ ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ရွာထဲနေလို့မရအောင် လုပ်လို့ အကုန်လုံး တိမ်းရှောင်နေရတယ်။ သူ့ကြောင့်ပဲ ရဲဘော် ၃ဦး ဖမ်းခံရပြီး စစ်ကြောရေးမှာ ကျသွားလည်း ရှိတယ်။ သူတို့လာတိုင်သူတွေ ရှိတယ်။ အစပိုင်းက ကျနော်တို့လည်း အဲ့နားကို မကပ်နိုင်သေးဘူး။ အခု ကပ်လာနိုင်တဲ့ အချိန်မှပဲပေါ့နော်။ သူ့ကို အကြိမ်ကြိမ်သတိပေးတယ်။ အကြိမ်ကြိမ်ဆိုတာတောင် ၅ကြိမ်ထက်မနည်း ကျနော်တို့ သတိပေးထားတာ၊ အဲ့ဒါကို ဆက်လုပ်နေတာ” လို့ ရဲဘော် Shadow က ပြောပါတယ်။

၃၆၀၁ တပ်ရင်းအနေနဲ့ စစ်တပ်ထောက်တိုင် ဒလန်တွေကို ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်တပ် ပတ်သက်ရာ ပတ်သက်ကြောင်းတွေနဲ့ ဝေးရာမှာ နေထိုင်ကြဖို့ အကြိမ်ကြိမ် သတိပေးထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

NLD အစိုးရလက်ထက် စစ်တပ်ခန့် ဒုသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေး အထူးစိုးရိမ်ရဟု ကာလုံ ထုတ်ပြန်

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာလုံ) မှာ ယာယီသမ္မတရာထူး ယူထားတဲ့ ဦးမြင့်ဆွေဟာ ကျန်းမာရေး အထူးစိုးရိမ်ဖွယ်ရာအခြေအနေကြောင့် အမှတ်(၂)တပ်မတော် ဆေးရုံမှာ အထူးကြပ်မတ်ကုသမှုခံယူနေရတယ်လို့ ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

လက်ရှိအခြေအနေနှင့် အချိန်အခါအရ ရွေးကောက်ပွဲ ဖြစ်လာလျှင် စစ်မှန်သည့် ရွေးကောက်ပွဲ လုံးဝမဟုတ်ကြောင်း ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ပြောကြား

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကော်မရှင်က ဦးဆောင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ (ဗဟို) ရဲမှူးချုပ် ဗိုလ်မှူးကြီးစောအယ်ကလူဖိုးက စစ်မှန်တဲ့ ရွေးကောက်ပွဲ လုံးဝမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
Read More

အထက်မင်းလှတွင် USBA နှင့် အကြမ်းဖက်စစ်တပ် အနီးကပ် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ၄ ဦး သေဆုံး

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းက စစ္စနို့ကျေးရွာမှာ ဗမာပြည်ကာကွယ်ရေးတပ် (USBA) နဲ့ အကြမ်းဖက်စစ်တပ်တို့ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က (၄) ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ USBA က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဘုတ်ပြင်းအခြေစိုက် ခလရ ၂၂၄ က စစ်သား ၁ ဦး KNLA ဆီ လက်နက်မဲ့အလင်းဝင်

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၂၄ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်မဲ့အလင်းဝင်လာတယ်လို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တပ်မဟာ ၄ ၊ တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၃ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ မင်္ဂလာဆောင်ပွဲကို စစ်ကောင်စီ ဗုံးကြဲ၊ ဗုံးကျတဲ့နေရာလွဲတာကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွါးနေခြင်းမရှိဘဲ စစ်တပ်က ပေါင် ၁၀၀ ဗုံး (၂) ကြဲချကာ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။