စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မြန်မာပြည်သူတွေ လက်မခံကြောင်း ကမ္ဘာက သိသာမြင်သာဖြစ်စေမယ့် လှုပ်ရှားမှုအဖြစ် Profile ကမ်ပိန်းပြုလုပ်နေပြီး မိမိလုံခြုံရေး စိတ်ချရသူတွေ ပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

ကမ်ပိန်းမှာ ပါဝင်ကြမယ့် ပြည်သူတွေအနေနဲ့ Facebook ၊ X (Twitter) ၊ TikTok ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေမှာ “Reject Sham Election” စာသားပါ အောက်ပါဓာတ်ပုံကို Profile Picture အဖြစ် ပြောင်းလဲ အသုံးပြုရမှာဖြစ်ကြောင်း တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ရာ နေရာဒေသတွေက ပြည်သူတွေအနေနဲ့ ပါဝင်ဖို့ အခက်အခဲရှိတာကြောင့် လွတ်မြောက်နယ်မြေနဲ့ ပြည်ပရောက် မြန်မာတွေ၊ လုံခြုံရေးစိတ်ချရသူတွေသာ ပါဝင်ပေးကြဖို့ အသိပေးပါတယ်။

“စစ်အာဏာရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ လက်မခံဘူးဆိုတာကို ကမ္ဘာက သိသာမြင်သာစေဖို့ ဒီလှုပ်ရှားမှုကို ပြုလုပ်ခြင်း ဖြစ်ပါတယ်။ Social Media တွေမှာ Profile Picture ပြောင်းတဲ့သူ ပိုမိုများပြားလာလေလေ၊ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတဲ့ အသံကို ကမ္ဘာကြီးက ပိုမိုသတိထားမိလာစေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လူများများပါဝင်ဖို့ အရေးကြီးပါတယ်” လို့ People Movement Platform Myanmar ရဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ မဝတ်မှုန်က ပြောပါတယ်။

အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တဲ့ အဆိုပါ Profile ကမ်ပိန်းကို ဒီဇင်ဘာ ၁၆ ရက်ကစလို့ အရွေးကောက်ပွဲအတုပြီးတဲ့ ဇန်နဝါရီလ ၃၁ရက်အထိ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ဘေးရှောင်ရင်း ကုန်ဈေးနှုန်းတက်လာလို့ စားဝတ်နေရေး ပိုမိုခက်ခဲလာ

မြန်မာပြည်သူတွေရဲ့ သဘောဆန္ဒကို ဆန့်ကျင်ကာ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ မြန်မာပြည်နေရာအနှံ့အပြားမှာ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေ နေ့စဥ်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာရှိတဲ့ ဒေသခံတော်တော်များများဟာ အမြဲတစေ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာကာ စစ်ဘေးကနေ ရှောင်တိမ်းနေကြရပါတယ်။
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…
Read More

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် ခ.မ.ရ (၅၆၁) တပ်ရင်းက တပ်ကြပ်ကြီးတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၃)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မတ္တရာတွင် စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ရှောင်အမျိုးသမီးတစ်ဦးကို စစ်အုပ်စု မုဒိန်းကျင့်စွန့်ပစ်ခဲ့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စိတ်ကျန်းမာရေးချို့တဲ့သူ စစ်ဘေးရှောင် အမျိုးသမီး ၁ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မုဒိန်းကျင့်စွန့်ပစ်ထားခဲ့ကြောင်း Voice Of Mandalay တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပကဖရုံးချုပ်၊ ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖများသည် စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနှင့် ပြည်သူများကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေး အမြဲအသင့် ရှိစေဖို့ တိုက်တွန်း…

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့( ပကဖ) ရုံးချုပ်က ပြည်သူ့ရေးရာတာဝန်ခံ ဦးမောင်မောင်ဆွေက ပကဖ တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ချေမှုန်းသုတ်သင်နိုင်ရေးနဲ့ ပြည်သူတွေကို ကူညီကာကွယ်စောင့်ရှောက်နိုင်ရေးတို့အတွက် အမြဲအသင့် ရှိစေဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။