စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ရက် နေ့လယ်ပိုင်းက ရွှေဘို‌မြို့ပေါ်နေရာတွေဖြစ်တဲ့ အဝေးပြေးကားကြီးဝင်းထိပ် တံတားပေါ် အပါအဝင် အလောင်းမင်းတရားရုပ်ထုရှေ့နဲ့ အလက-၁ ကျောင်း မျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့၊ ရွှေဘို-ရေဦးလမ်းထိပ် စတဲ့ နေရာတွေမှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)နဲ့ နယ်မြေခံပကဖအဖွဲ့ဝင်တွေက စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ဖို့ တိုက်တွန်းတဲ့ ဗီနိုင်းတွေချိတ်ဆွဲတာ၊ လက်ကမ်းစာစောင် မျှဝေတာတွေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ကဗျာတွေ ရွတ်ဖတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာကြောင့် ရွှေဘိုမြို့ပေါ်ကို စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားပြီး အခုလိုလူစည်ကားရာနေရာတွေအထိ တော်လှန်ရေးအင်အားစုတွေ လာရောက် လုပ်ဆောင်ခဲ့မှုကြောင့် စစ်အုပ်စုတွေဟာ ဗီနိုင်းတွေကို လာရောက်ဆွဲဖြုတ်ကာ အော်ဟစ်ဆဲဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ရွှေဘိုပကဖတပ်ဖွဲ့ဝင် ၁ ဦးအား တွေ့ရစဥ်

ဒါ့အပြင် အဲ့ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ရွှေဘိုမြို့ အခြေစိုက် ခလရ(၄၂ )တပ် အထိုင်စခန်းရှိရာကို ပကဖ တပ်တွေက Fixed Wings ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါသေးတယ်။

ရွှေဘိုမြို့နယ်ပကဖလက်ရုံးတပ်ဖွဲ့ (တိုက်ခိုက်ရေးအဖွဲ့ -PDO) နဲ့အတူ တိုက်နယ် (၅) ပကဖတိုက်ခိုက်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် တိုက်နယ် (၅) ပကဖ Fixed Wings Drone အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

“ဒရုန်းနဲ့ ဗုံးသီး ၄လုံး ချခဲ့တာပါ။ ၆၀ မမ ဗုံးသီးတွေပါ။ ထိခိုက်မှုရှိနိုင်ပါတယ်။ အတည်မပြုနိုင်သေးပါဘူး။ ” လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုအပြီး စစ်အုပ်စုရဲ့ အမှတ် (၂) ထောက်ပံ့ရေးတပ်ကနေ ရွှေဘို မြို့တောင်ဘက်ဆီ လက်နက်ကြီးတွေ ရမ်းကားပစ်ခတ်တာမျိုးရှိခဲ့တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါခရိုင် တပ်ရင်း (၅) ရင်း စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်နေ

မကွေးတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေအနေနဲ့ ဒေသအတွင်း တော်လှန်ရေး အင်အားစုတွေ ပိုမို ကျစ်လစ်အားကောင်းလာစေဖို့ ရည်ရွယ်ပြီး ဇူလိုင်လ ၂၄ ရက်က စတင်ကာ စုဖွဲ့လေ့ကျင့်မှုတွေ ဆောင်ရွက်ခဲ့တယ်လို့ Yaw Revolution Army - ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ ဘိလိယက်ထိုးနေတဲ့ လူငယ် ၇ ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က ရပ်ကွက်တစ်ခုမှာ လူငယ် ၇ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

စစ်တပ်ထိန်းချုပ်မှုအောက်က ရွေးကောက်ပွဲ လွတ်လပ်ပြီး မမျှတနိုင်၊ အကြမ်းဖက်မှုများ ပိုမိုမြင့်တက်စေမည်ဟု ကုလလူ့အခွင့်အရေးအကြီးအကဲ ထပ်မံပြောကြား

မြန်မာနိုင်ငံမှာပြုလုပ်မယ့် စစ်တပ်ထိန်းချုပ်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ပိုမိုမြင့်တက်စေမှာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာလ ၃၀ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

မင်းတုန်းမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်သား ၃၀ ခန့် သေပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းမိ၊ လက်နက်ခဲယမ်းတွေအပြင် ပြည်သူတွေဆီက ခိုးယူထားတဲ့ လက်ဝတ်ရတနာတချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း ၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် ညအိပ်စခန်းချနေချိန် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က စစ်သား ၃၀ ခန့် သေဆုံးပြီး စစ်သုံ့ပန်း ၁ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

မြောင်မှာ စစ်ကောင်စီတပ် လက်နက်ကြီးနှင့် စက်တပ်လေထီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမေရိကန်၏ ဗင်နီဇွဲလားနိုင်ငံအား ကျူးကျော်မှုကို မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနှင့် မဟာမိတ်အဖွဲ့များ ပြင်းထန်စွာ ရှုတ်ချ

အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့မှုအပေါ် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ထုတ်​ပြန်ကြေညာခဲ့ပါတယ်။